Friday 2 March 2012

ပြောချင်ပေမယ့်

“ ပြောချင်ပေမဲ့ ”

မင်းမရှိပေမဲ့ ငါကြည့်နေခဲ့တယ်

မင်းမနမ်းပေမဲ့ ငါလွမ်းနေခဲ့တယ်

မင်းမကြားပေမဲ့ ငါပြောနေခဲ့တယ်

မင်းမသိပေမဲ့ ငါရှိနေခဲ့တယ်

မင်းအရိပ်မှာ ငါအိပ်နေခဲ့တယ်

မင်းအနားမှာ ငါသွားနေခဲ့တယ်

မင်းမလာပေမဲ့ ငါခေါ်နေခဲ့တယ်

ပြောချင်ပေမဲ့ ပြောမထွက်ခဲ့ဘူးချစ်သူ♥♥♥

Thursday 1 March 2012

ခွင့်ပြုပါ

ဝေးကြပြီဆိုတဲ့စကား မင်းမပြောနဲ့


အတွေးထဲမှာတောင် မခွဲနိုင်ဘူး


သတိရနေမယ်ဆိုတဲ့စကား မင်းမပြောနဲ့


မင်းရဲ့အရိပ်ကလေးအဖြစ် ငါရှိချင်တာ


မင်းရဲ့အနောက်တစ်ကောက်ကောက်လိုက်လို့


မင်းစေရာနေ မင်းခိုင်းတာလုပ်


မင်းရဲ့အရုပ်ကလေးလို


မင်းရဲ့အနားနေပါရစေ


ချစ်သူ……………………♥♥♥

ကဗျာတို ၂

အချစ်ကသူ့ အနားတွယ်ငြိနေချိန်
ကိုယ်ကတော့စိတ်တေလေနဲ့ 
လေမှလွင့်နေသော
ကြွေရွက်လို အဖော်မဲ့နေသည်မှာ
ကြာခဲ့ပါပြီ အချစ်ရယ် ။ ။

နင်မေ့သွားပါပြီ ငါသာသတိရနေတာ
နင်မလွမ်းတော့ပါဘူး ငါသာအရူးထနေတာပါ
နင်မုန်းသွားပါပြီ ငါသာချစ်နေတာပါ.
ဘာဘဲဖြစ်ဖြစ် ချစ်သူရာ
ငါရဲ့ အမြဲနင်အပေါ်ချစ်နေတဲ့
အချစ်စိတ်တွေနဲ့ နင်အမြဲ ပျော်ရွင်ပါစေဟာ..။။။
 ချစ်သူ...တစ်လောကလုံးမင်းကိုမုန်းနေရင်တောင်
ငါနင့်ကိုချစ်နေမှာပါ..
တစ်လောကလုံး နင့်ကိုသစ္စာဖေါက်နေရင်တောင်
ငါနင့်အနားမှာရှိနေမှာပါ..
တစ်လောကလုံး နင်နောက်ကျောကို ဓါးနဲထိုးချင်ခဲ့ကြရင်
ငါအဲဒီနောက်ကျောလေးမှာနေပြီး
နင်အတွက်ဓါးချက်တွေကို
ခံပေးပါမယ်..ချစ်သူ...။။။
 
အချစ်ကသူ့ အနားတွယ်ငြိနေချိန်
ကိုယ်ကတော့စိတ်တေလေနဲ့ 
လေမှလွင့်နေသော
ကြွေရွက်လို အဖော်မဲ့နေသည်မှာ
ကြာခဲ့ပါပြီ အချစ်ရယ် ။ ။

နင်မေ့သွားပါပြီ ငါသာသတိရနေတာ
နင်မလွမ်းတော့ပါဘူး ငါသာအရူးထနေတာပါ
နင်မုန်းသွားပါပြီ ငါသာချစ်နေတာပါ.
ဘာဘဲဖြစ်ဖြစ် ချစ်သူရာ
ငါရဲ့ အမြဲနင်အပေါ်ချစ်နေတဲ့
အချစ်စိတ်တွေနဲ့ နင်အမြဲ ပျော်ရွင်ပါစေဟာ..။။။
 ချစ်သူ...တစ်လောကလုံးမင်းကိုမုန်းနေရင်တောင်
ငါနင့်ကိုချစ်နေမှာပါ..
တစ်လောကလုံး နင့်ကိုသစ္စာဖေါက်နေရင်တောင်
ငါနင့်အနားမှာရှိနေမှာပါ..
တစ်လောကလုံး နင်နောက်ကျောကို ဓါးနဲထိုးချင်ခဲ့ကြရင်
ငါအဲဒီနောက်ကျောလေးမှာနေပြီး
နင်အတွက်ဓါးချက်တွေကို
ခံပေးပါမယ်..ချစ်သူ...။။။
 

ကျွန်တော်ကဗျာ

မနေ့ က ရာသီဥတုက
ဒီနေ့ နဲ့ မတူဘူး
မိုးရွာရင်ရွာမယ်
နေပူရင်ပူမယ်…
ဘာမှအစိုးမရတော့ ငါ
အပြင်ထွက်ရမလား…
အပြင်ထွက်ရင်ကော ထီးဆောင်းရမှာလား…
ဘာမှန်းကို မသိဘူး…
တောက်တခေါက်ခေါက်နဲ့  အိပ်ပြစ်လိုက်တယ်…
အိပ်မက်ထဲမှာတော့
နှင်းတွေကျလို့ ……
မနေ့ က လက်ကျန်ကော ရှိသေးလား
ရေဒီယို ကတော့ပျက်နေတယ်
ဝင်ချင်ရင်တော့ တံခါးတော့ ခေါက်ပါ
ကျေးဇူးတင်တယ်ဆိုရင်
ရေတစ်ခွက်လောက်တိုက်ပါ…
ပြဇာတ်က ကောင်းတယ်နော်
မိုးဇာတ်ရဲ့ တယောသံတွေမကြားရတာကြာပြီ…
နေကောကောင်းရဲ့ လား
ကားတွေကကြပ်လို့  လမ်းလျှောက်လာခဲ့ တာ
မီးပွိုင့်တွေ ခဏခဏမိနေတယ်….
ချော်လဲလို့ ရောထိုင်မိတာပါ
လက်မှတ်တော့ မပါဘူး
မိုးတွေအေးတယ်တဲ့…
ကျန်းမာရေးလဲ ဂရုစိုက်ဦး
ဟုတ်ကဲ့ …..သွားပြီနော်
အရှေ့..အနောက်
တောင်…မြောက်
မထူးပါဘူး….မြို့ ပတ်ရထားပဲ စီးတော့ မယ်…
အကြွေပါရင်ပေးပါ..
တစ်ရာ ပြီးရင်အမ်းမယ်နော်…
မောတယ်…မောတယ်…
ရေသောက်လိုက်ဦးမယ်…
ဇာတ်သိမ်းခန်းကျတော့
မင်းသားနဲ့ မင်းသမီး ပေါင်းရမှာလား
ဟော…မီးပျက်သွားပြီ….

ဆက်ချစ်နေပါ့မယ်

ငါမသိလိုက်တဲ့အရာတစ်ခု
ငါ့ရင်ထဲကို ဒုန်းစိုင်းဝင်လာခဲ့တယ်
ရှောင်လွှဲလို့ မရ တည့်မတ်စွာ
နှလုံးသားတည့်တည့်ကို ထိသွားခဲ့တယ်
တကယ်တော့ ကိုယ့်အားနည်းချက်နဲ့
ကိုယ်မို့ရိုးသားစွာလဲကျသွားတာပါ


ဆွဲဆောင်တာမဟုတ်ပါဘူး
ရင်ထဲကို အလိုလိုရောက်လာတာပါ
ချစ်တယ်ဆိုတဲ့ စကားလုံးဟာ လူတိုင်း
ပြောကြလို့ ရိုးများနေလား
မထင်လိုက်ပါနဲ့ ချစ်သူ
စကားလုံးမရှိသလို စာတွေလည်းဖွဲ့ လို့ 
မှီမယ်မထင်ပါဘူး


လူတိုင်းရဲ့ အချစ်ဟာ ကုန်ချင်မှကုန်မယ်
နှလုံးသားတော့အပိုမပါဘူးလေ
ငါ့နှလုံးသားကို ငါပိုင်တယ်
ချစ်သူနားလည်မယ်ဆိုရင်
ငါ ရင်ခုန်သံတွေ
သေချာ နားထောင်ကြည့်ပါ ချစ်သူ
ဝင်သက်ထွက်သက်တိုင်းမှာ
မင်းပဲရှိနေတာလေ
မင်းအကြောင်းပဲ တွေးနေမိတယ်
ရှေ့တိုးဖို့ မဖြစ်နိုင်ပေမဲ့
နောက်ဆုတ်ဖို့ လည်း ငါ မတတ်နိုင်ပြန်ဘူး
ချစ်သူ
ဘရိတ်အုပ်ပြီး ပြန်လည်တည့်မတ်လာ
နိုင်အောင် ကြိုးစားနေဆဲပါ
ငါကြိုးစားနေတာ ချစ်သူကို မေ့ဖို့ မဟုတ်ဘူးနော်
ရင်ခုန်သံတွေကို တည်ငြိမ်လာအောင်ပါ
စိတ်ချပါ ချစ်သူ
ငါ အသက်ရှူတိုင်းငါ့ နှလုံးသားတွေခုန်နေ


သမျှ ချစ်၍နေအုံးမည် ချစ်သူ......။။။

ငါ့ရင်ခွင်

အပြင်မှာ မိုးတွေ တသဲသဲမဲမဲ ရွာနေတယ်...
ပူလောင်လှတဲ့ငါရင်ခွင်ကို အေးချမ်းအောင်တော့ မင်းမတတ်နိုင်ခဲ့ပါဘူး...
ဒါပေမယ့် ငါမသိခဲ့တဲ့ဒဏ်ရာတွေကို တော့ မင်း က တူးဆွနိုင်ခဲ့တယ်....
ရင်ခွင်တစ်ခုလုံးပွင့်ထွက်အောင်တော့မင်း မလုပ်နိုင်ခဲ့ပါဘူး။
ဒါပေမယ့် ရင်တွင်း မြစ်ရေကိုတော့ လျှံကျစေခဲ့တယ်....
ကျဆင်းလာတဲ့မျက်ရည်တွေကို မကုန်ခန်းအောင် မင်းမလုပ်နိုင်ခဲ့ပါဘူး...
ဒါပေမယ့် ငါရဲ့အာရုံတွေကိုတော့ တိုက်စားသွားခဲ့တယ်။
ပီပြင်လွန်းလှတဲ့မင်းရဲ့ ပုံရိပ်တွေကိုတော့ မင်းမချေဖျက်နိုင်ခဲ့ပါဘူး....
ဒါပေမယ့် တစ်လောကလုံးကိုတော့ မင်းအနိုင်ယူနေခဲ့တယ်။
မင်းအနိုင်ယူနိုင်ပါတယ်....
မင်းစိတ်ရိုင်းတွေဝင်နေတုန်းတော့
မင်းအားရှိသလောက် လုပ်ပေါ့...
မင်းမာယာတွေနဲ့ချော့တစ်ခါ ခြောက်တစ်လှည့်ပေါ့။
မင်းမောသွားရင်တော့
ငါ့ရင်ခွင်မှာ နားခိုလှည့်ပေါ့..။။

အိပ်မက်

တခါတပ်မက်ခဲ့ ဘူးတယ့်အိမ်မက်ပါ
နောက်တဘ၀စာ
ငါပြန်လည်သိမ်းပိုက်ခဲ့တောင်
အချစ်က လှလှပပ
Lecture တွေပေးခဲ့ 
ငါ့ဘ၀ရဲ့ 
ကမ္မည်းကျောက်ဝယ်
တိုက်ခတ်စရာမရှိတော့တယ့်
ကမ်းရိုးတမ်းက လှိုင်းဂယက်လို
ဘ၀ကိုနောက်ပြန်ဆုတ်လို့ ရရင်
သိပ်ကောင်းမှာပဲနော် ။ ။
ဒါပေမယ့်
မခိုင်မြဲတဲ့ ကမ်းရိုးတမ်းမှာ
ဦးခိုက်ကာရပ်နေတယ့်
လှေငယ်တစင်းပါ ချစ်သူ ။

ငိုချင်တယ်

ထာဝစဉ် ပျိုမြစ်
အသစ်တွေ ဘယ်လိုကောင်းကောင်း
အဟောင်းတလည်လည်ဖြစ်
နုပျိုသစ်နေဆဲ အသည်းထဲ
ရုတ်တရက်
တံခါးမကြီးက ၀င်လာတယ့်အချစ်
အပြစ်တွေမြင်လာတယ့်အခါ
အကြင်နာတွေပျောက်ကွယ်
မုန်းတယ်.. မုန်းတယ် ဖြစ်ပြီး
အချစ်က လျပ်တပြက်ပျောက်ကွယ်လည်း
နောက်ဆုံးတော့ မိုးရွာတိုင်း
ငါတယောက်တည်း မျက်ရည်တွေဝဲနေမိခဲ့တယ်။။။။

မင်းအချစ်

တိမ်တိုက်လို မျော်လွှင့်ပြီး
မုန်တိုင်းလို တိုက်ခတ်တယ့်
မင်းအချစ်က..
ငါ့ဘ၀တခုလုံးကို
ဝါးမြိုတိုက်စား ပြိုလဲသေတယ် ။ ။
မင်းမာယာ ကြောင့်..
မုန်တိုင်းကို လေပြေညင်းလို
ထင်မှတ်ခဲ့တယ့် ငါ့ဦးနှောက်ရဲ့ 
ဇလဗေဒ ခန့် မှန်းခြေက
ငါ့အချစ်ကို..
ဒုက္ခသည် စခန်းမှာ အချစ်အတွက်
တန်းစီခိုင်းစေတယ် ။ ။

...........မ.........

မ...ရယ်အချစ်နဲ့ စစ်မှာ
မတရားတာမရှိဘူးတဲ့
စစ်ကိုအနိုင်လိုချင်လို့ 
တိုက်ခိုက်ကြတယ်…
အချစ်ကို အပိုင်လိုချင်လို့ 
တိုက်ခိုက်ကြတယ်
ပရိယာယ် ကြွယ်ဝမှု
သာလွန်နေရင် အနိုင်ရကြစမြဲပါ ၊ ၊
ဒါပေမယ့်
မောင့်အချစ်ကို
ပရိယာယ် ကြွယ်ဝမှုနဲ့ သက်ဆိုင်ပြီး
အချစ်ကို လုယူဖို့ 
မတိုက်တော့ပါဘူး ။ ။