Saturday 5 May 2012

စူးခနဲ

မနာကျင်ပါဘူး ....
ချစ်သူပေးတဲ့ ဒဏ်ရာပဲ
တယုတယ ထွေးပွေ့တတ်ပါတယ်...

နစ်နာတယ် မတွေးပါဘူး...

ချစ်သူပေးတဲ့ ရက်စက်မှုပဲ
ငါစွဲစွဲမက်မက် ဖက်တွယ်မိပါတယ်...

အနိုင်ရတဲ့ နင်က ဘာလို့ငိုနေတာလဲ?
နင့်မျက်ရည်ကို မြင်ရတော့ ...
ငါအသည်းတွေ တစ်စစီပဲ
စူးခနဲ…ရင်ဘတ်ထဲက နာတယ်
ချစ်သူရယ်

မင်းအနည်းငယ်စာနာပေးခဲ့၇င်

 လွမ်းနေသူ...နှလုံးသား က
ပျော့ညံ့တာလား......
ပစ်ထားသူက အသဲက မာနေတာလား
အလွမ်းတွေကြားမှာ.....
အိပ်မရခဲ့တဲ့ ညတွေ
ပျော်ရွှင်မှုမဲ့ နေ့တွေကိုဖြတ်တမ်း...။

ချစ်သူမဲ့........
အမှောင်ဆုံးလမ်းပေါ်မှာ
အချစ်ကို ဆာလောင်တောင်းသ
အကြိမ်ကြိမ် မျိုချခဲ့ရတာ အလွမ်း....
.............
ချစ်သူ နဲ့ ပြန်ဆုံမဲ့နေ့
ရင်ခုန် မှုတစ်ခုနဲ့
.......... စောင့်မျှော်နေသူဆိုတာ
မင်း အနည်းငယ် စာနာပေးခဲ့ရင်
....................။

အချစ်

ငါက နင့်မောရင် နားဖို့ သစ်ပင်တစ်ပင်ပါ
ငါက နင်သွားရင် စီးဖို့ ဖိနပ်တစ်ရံပါ
ငါက နင်အေးရင် နွေးဖို့ အနွေးထည်တစ်ထည်ပါ
နင်လိုအပ်မှ အသုံးချပါ... ငါနေတတ်ပါတယ်။။

ထွက်ခွာသွားသူ

မမျော်လင့်သော အဖြစ်အပျက်
စိတ်မကူးမိသော အခြေအနေ
မဖြစ်နိုင်ဘူးလို့ ထင်သော
အနေအထားတွေ အားလုံးဟာ
အခုတော့ ဖြစ်လာခဲ့ပီး

ကျောခိုင်းတဲ့ သူ
ရက်စက်စွန့်ခွာ သွားလည်း
ပြန်လာမယ့် နေရက်ကို
ငါ မျော့်လင့်နေမိသေးတယ်

ပြန်လာမယ့်လမ်းက
ခြောက်သွေ့နေပေမယ့်
ငါ့ အတွက်ကတော့
အမြဲတမ်း စိမ်စိုနေတဲ့ လမ်းလေးပါ

အထင်လွဲမူတွေ ပြေတဲ့တစ်နေ့
အရာရာတိုင်းဟာ အရင်အတိုင်းပါ
ငါ့ ဘေးမှာ နင်မရှိလည်း
နင်ရှိနေသလိုပါပဲ
ထွက်ခွာသွားသူရေ။

ချစ်တယ်

 ဓါးလည်း သွေးပေးထားတယ်။
ရင်လည်း ခွဲပေးထားတယ်။
ဆားနဲ့လည်း ပက်သွားသေးတယ်။
ဒါတောင် နင်မကျေနပ်နိုင်သေးဘူးဆိုရင် အသက်ကိုပါပေးဖို့ အသင့်ပါပဲ။
နင့်ဆီက "ချစ်တယ်" ဆိုတဲ့ စကားတစ်ခွန်းကို ကြားရမယ်ဆိုရင်ပေါ့။

ငါ့နှလုံးသား

ငါငိုနေမယ်....
နင့်ကိုလွမ်းလို့တော့မဟုတ်ဘူး
နင့်ကိုပုံပေးခဲ့မိတဲ့
ငါ့အချစ်တွေနှမြောလို့ပါ။
ငါလွမ်းနေမယ်
နင့်ကိုတမ်းတနေတာတော့မဟုတ်ဘူး
နင့်ကြောင့်အသက်ဝင်ခဲ့တဲ့
ငါ့ရင်ခုန်သံတွေအတွက်ပါ။
ငါဝမ်းနည်းနေတယ်.........
နင်ငါ့ကိုထားခဲ့လို့တော့မဟုတ်ဘူး
မိန်းမတစ်ယောက်ဆီမှာဆုံးရှုံးခဲ့တဲ့
ငါ့မာနတွေကိုသတိရလို့ပါ။
ငါမျှော်လင့်နေမိတယ်..........
နင်ပြန်လာမယ့်အချိန်ကိုတော့မဟုတ်ဘူး
ငါသိပ်ချစ်ခဲ့တဲ့နင့်ကို
ငါလုံးဝမေ့နိုင်မယ့်အချိန်ကိုပါ.............။

လွမ်းနေတော့မယ်။

မဆိုင်သူတွေရဲ့စကားကြောင့်
မင်းမုန်းကာသွားမယ်ဆိုရင်ဖြင့်
မပိုင်သူကို့တစ်ယောက်ကို
မင်းထားခဲ့ပါ...
အမှားတွေနဲ့မရှုပ်ဘူး
သနားကာမုန်းဖို့မလုပ်ရင်
ငါအဟုတ်ကျေးဇူးတင်တယ်
မဝေးဘူးလို့မေးခဲ့ဖူးပေမဲ့
အခုတော့အဆွေးတွေနဲ့ရူး
အတွေးတွေနဲ့မူးနေခဲ့ပေါ့
နောက်ဆုံးအချစ်တွေပျောက်ဆုံးကာ
အပြစ်တွေနဲ့..မုန်းမယ်ဆိုရင်ဖြင့်
အရှုးံးပေးတဲ့ပန်း...
နှလုံးမအေးတဲ့ဇာတ်လမ်းမှာ...ငါ
အပြုံးကလေးနဲ့
လွမ်းနေတော့မယ်.....................

ဖုံးလွှမ်းသွားမလားပဲ

မင်းရဲ့ ပါးဖောင်းဖောင်းကိုမနမ်းရလည်း
မိုးသားတွေတက်နမ်းဖြစ်မယ်
တောင်တန်းတွေထရိုက်မလားပဲ.....
မင်းရဲ့ ကိုယ်သင်းရနံ့ ကိုမနမ်းရှိက်ရလည်း
လေထုထဲကရနံ့ တွေကိုနမ်းဖြစ်မယ်
ပန်းပွင့်လေးတွေငိုနေကြမလားပဲ.....
မင်းရဲ့ ချစ်ခြင်းကိုမရရှိခဲ့လည်း
ငါ့ရဲ့ ချစ်ခြင်းအားလုံးမင်းကိုပေးလိုက်မယ်.......
............
ငါ့နှလုံးသားအနီရင့်ရောင်တွေဖုံးလွှမ်းသွားမလားပဲ...... ။ ။