Tuesday 28 August 2012

....i miss you....

Wednesday 22 August 2012

ထူးခြားသော စကားလက်ဆောင်

အခါတပါး၌ မြို့တမြို့တွင် ကုဋေကြွယ် ကုံလုံကြွယ်ဝချမ်းသာသော သူဌေးကြီးတဦးရှိ၏။ တနေ့သောအခါ ထိုသူဋ္ဌေးကြီး နေသောမြို့သို့ ရသေ့တပါးကြွလာသည်။ ရတနာသုံးပါး ရိုသေဆည်းကပ်သူ သူဋ္ဌေးကြီးသည် ထိုသတင်းကိုကြားလျှင်ကြားချင်း ရသေ့ဆရာကြီးအား မိမိနေအိမ်သို့ ပင့်ဖိတ်ပြီး ဆွမ်းကပ်သည်။ ဆွမ်းဘုဉ်းပေးပြီး၍ ရသေ့ကြီး ပြန်ကြွမည်အပြုတွင် ကုန်သည်သူဋ္ဌေးကြီးက ရသေ့ကြီးအား

အရှင်ရသေ့၊ ပြန်မကြွမီ တပည့်တော်အား တန်ဖိုးရှိသော အဆုံးအမသြ၀ါဒ စကားလေးများ ပြောကြားတော်မူပါ-ဟု ပန်ကြားသည်။

ရသေ့ကြီးက-သူဋ္ဌေးမင်း၊ နောက်တပတ် ဒီလိုအချိန်တွင် ကျွန်ုပ်ကို စောင့်ပါ၊ ထိုအခါ သင်လိုချင်သော တရားအဆုံးအမစကားကို ကျွန်ုပ်မြွက်ကြားမည်။ ယခုသော် ကျွန်ုပ်အတွက် ခရီးဆက်ရန် တာဝန်ရှိ၍ ခွင့်ပြုပေဦးလော့-ဟု ဆိုကာ ကြွသွားလေသည်။

ထိုနေ့မှစ၍ သူဋ္ဌေးကြီးလည်း ရသေ့ကြီး မှာကြားသည့်ရက်ကို လက်ချိုးရေတွက်၍ စောင့်၏၊ တပတ်ကြာသော် ရသေ့ကြီးသည် သူဋ္ဌေးကြီးအိမ်သို့ ဆိုက်ရောက်လာသည်၊ သူဋ္ဌေးကြီးလည်း ကောင်းမွန်သော ချိုချဉ်ခဲဘွယ် ဘောဇဉ်များ လောင်းလှူရန် အထူးစီစဉ်ထားသည်။
ရသေ့ကြီးကြွလာသော် ဆွမ်းလောင်းရန် သပိတ်ကို ဖွင့်လိုက်၏၊ ထိုအခါ ရသေ့ကြီး၏ သပိတ်ထဲတွင် နွားချေးခြောက်များ၊ အမှိုက်သရိုက်များနှင့် ရှုပ်ထွေး ညစ်ပေနေသည်ကို တွေ့ရ၏။ သူဋ္ဌေးကြီးက ရွံရှာလျက်-

ရှင်ရသေ့၊ သပိတ်ထဲမှာ အမှိုက်သရိုက်နဲ့ အညစ်အကြေးများ ပြည့်နှက်နေလို့ပါလား-ဟု ဆို၏။
ထိုအခါ ရသေ့ဆရာကြီးက-သူဋ္ဌေးကြီး၊ သင့်ရဲ့ ဆန္ဒအရ လောင်းလှူစရာရှိတာကိုသာ လောင်းလှူပါ၊ ကျန်သည့်အရေးအတွက် သင်မှာ တာဝန်မပိုသင့်ပါ-ဟု ဆို၏။

သူဋ္ဌေးကြီးက အို-ဒီလိုအညစ်အကြေးတွေနဲ့ ပြည့်နက်နေတဲ့ သပိတ်ထဲကို တပည့်တော် အလွန်ကောင်းမွန်သော ဆွမ်းခဲဘွယ်တွေ လောင်းလှူလိုက်လျှင် အညစ်အကြေးတွေ ဖြစ်သွားမှာပေါ့၊ အရှင်ဘုရား သပိတ်တော်ကို ဆေးကြောသုတ်သင်ပြီးမှ တပည့်တော်ရဲ့ ဆွမ်းခဲဘွယ်ကို လောင်းလှူပါရစေ-ဟု ဆို၏။ ထို့နောက် ရသေ့ဆရာကြီး၏ သပိတ်ကို ရေဖြင့်စင်ကြယ်စွာ ဆေးပြီး ဆွမ်းခဲဘွယ် ချိုချဉ်များကို လောင်းလှူလိုက်သည်။

သူဋ္ဌေးကြီး ဆွမ်းလောင်းလှူပြီးသောအခါ ရသေ့သည် သူ၏သပိတ်ကိုပိုက်ကာ ကြွသွားမည်ပြု၏။
သူဋ္ဌေးကြီးက အရှင်ရသေ့ကြီး၊ ဟိုတခါက ဆိုခဲ့သောစကားကို မေ့လျော့နေပြီ ထင်ပါတယ်၊ တပည့်တော်ကို အဆုံးအမစကား ပြောမယ်ဆိုလို့ တပည့်တော်စောင့်နေတာ တပတ်တိတိ ရှိနေပါပြီ-ဟု ဆို၏။

သြော်-ဒါများလား၊ သင့်ကို ကျွန်ုပ်ပေးခဲ့တဲ့ စကား အဆုံးအမလက်ဆောင် မရသေးဘူးလား၊ ကျွန်ုပ် သင်လိုချင်တဲ့ အဆုံးအမ စကားလက်ဆောင်ကို မကြာသေးခင်သောအချိန်ကပဲ ပေးခဲ့ပြီးပါပြီ၊ အသင် သတိမမူ၍ ဂူမမြင်ခြင်းသာ ဖြစ်ပါလိမ့်မယ်။

ကျွန်ုပ်ရဲ့ သပိတ်မှာ အညစ်အကြေး အမှိုက်သရိုက်တွေရှိလို့ ကောင်းမွန်တဲ့ ဆွမ်းခဲဘွယ်များကို သင်မလောင်းခဲ့ဘူး မဟုတ်လား။ ဒီလိုပဲ သင့်ရဲ့အတွင်းစိတ်မှာ လောဘ၊ ဒေါသ၊ မောဟ မာန်မာနတွေ ပြည့်လျှံနေတယ်၊ ဒါတွေကို အရင် စင်ကြယ်အောင်လုပ်ပါ၊ ဒါမှ သင်-ကောင်းကျိုးတွေ ရလိမ့်မယ်။
ဤသို့ဆိုကာ ရသေ့ကြီး ထွက်ခွါသွားပါတော့သည်။ ထိုအခါမှ သူဋ္ဌေးကြီးသည် ရသေ့ကြီး၏ အဆုံးအမကို ကောင်းစွာနားလည်သဘောပေါက်သွားသည်၊ ရသေ့ကြီးအား များစွာ ကြည်ညိုလေးစားသွားလေသည်။

Thursday 16 August 2012

ကဗျာတွေနဲ့ငါ

ငါတစ်ယောက်ထဲ ကဗျာတွေရေပြီး
ညအခါ လသာအချိန်လေး
တစ်ယောက်ထဲ အဆွေးတွေနဲ့ ပေါ့
အထီကျန် အဖော်မဲ့ ဘဝနဲ့ 
အနားမှာ မင်းမရှိတောတဲ့ နောက်
သာယာခြင်းဆိုတာ ဘယ်မှာလဲ
ပျော်ရွှင်ခြင်းဆိုတာ ဘယ်မှာလဲ
ငါတစ်ယောက်ထဲ တွေးဆွေးနေခဲ့တယ်
အခုတော ငါ အပျော်တွေနဲ
ရင်ဝယ်ပိုက် ပျော်စရာခရီးကိုသာ
ငါသွားတောမယ် ချစ်သူ
ငါဘဝရဲ့  ပျော်စရာ ကမ္ဘာလေးနဲ့ 
အလွမ်းတွေရှိလဲ ရောစပ်ပြီး
ကဗျာတွေ ဆက်ရေးနေတော့ မယ်
ချစ်သူ

ဘာရယ်တော့ မဟုတ်ပါဘူး

ဘာရယ်တော့မဟုတ်ပါဘူးတစ်ခါတစ်ခါတွေးမိတာပါ
နင်များပြန်လာမလားလို့ပေါ့
ဘာရယ်တော့မဟုတ်ပါဘူး တစ်ခါတစ်ခါဖုန်းမြည်သံကိုနားစွန့်မိတယ်
နင်များဖုန်းဆက်မလားလို့ပေါ့
ဘာရယ်တော့မဟုတ်ပါဘူး တစ်ခါတစ်ခါမော်နီတာကိုကြည့်ရင်းငိုင်နေမိတယ်
နင်များတက်လာမလားဆိုပြီတော့ပေါ့
ဘာရယ်တော့မဟုတ်ပါဘူး တစ်ခါတစ်ခါ.........
...........................................။

တစ်ခါ ဆိုတာနဲ့ တစ်ခါ ပေါင်းစပ်လို့
တစ်စထက်တစ်စတိုးပွားလို့များပြားလာတဲ့
ငါ့အလွမ်းစိတ်ကို အခန်းထဲမှာတိတ်တိတ်လေးနဲ့
ခံစားလို့နေ့စဉ်လက်ချိုးပြီးနင်ပြန်လာမယ့်ရက်ကိုမျှော်နေမိတယ်ဟာ။

နင်အတွက် ထာဝရ

ငါရဲ့  ဂန္ထဝင် မမြောက်တဲ့ သံစဉ်တွေနဲ့ 
နင်မလွမ်းလောက်ဘူးဆိုတာ ငါသိပါတယ်
ခံစားရတာ ငါပါ
ကြေကွဲရတာ ငါပါ
နာကျင်စွာ ခံစားခဲ့၇တာ ငါပါ
နင်က ရက်စက်စွာ မုန်းသွားပေမဲ့
နင်ကို မမုန်းတမ်းဆက်ချစ်နေတာ ငါပါ
ငါ ဘယ်လောက်ချစ်တာ နင်သိလျှက်နဲ့ 
ငါ့ကို ရက်စက်စွာ ဘာကြောင့် မုန်းသွားခဲ့တာလဲ ချစ်သူ
အပြစ်မယူရက် နင်ကို
ချစ်ခင်တွယ်တာနေတာ ငါနှလုံးသားက
နင့်အတွက် အမြဲ ထာဝရ ရှင်သန်နေတာပါ

စောင်နေဆဲပါ ချစ်သူ....

ကြေကွဲစွာနဲ့  ညတိုင်း
တမ်းတနေရတဲ့ နင်အကြောင်း
အတွေးများစွာထဲ မျှောလွင့်
ငါနှလုံးသားက သံစဉ်တွေ
သီခပ်နေတာတောင် ငါမကြားမိခဲဘူး ချစ်သူ
ကြယ်ကြွေညတိုင်းဟာ
ငါအတွက် နင်နဲ ဆုံဆည်းဖိုကို
အမြဲ ဆုတောင်းနေရတဲ့ ညလေးတွေပါ“
ငါဘဝရဲ့  အားပေးဖော်
နင်တစ်ယောက် ငါအနားကထွက်သွားတော့
အထီးကျန်ညစွာများနဲ့ 
ရင်မှာ တိုးဝှေ့  ခံစားချက်များဟာ
လေပြည်အေးလေး တိုက်တာတောင်
ငါ၇င်ထဲမှာ မအေးနိုင်ပါဘူး ချစ်သူ
ချစ်သူ ငါရင်မှာ နင်ဟာ
ထာဝရ အချစ်ဆုံးချစ်ရသူ
ချစ်သူတစ်ယောက်ဆိုတာ နင်မမေ့ပါနဲ့ 
နင်ပြန်လာမယ် နေတိုင်းကို
ငါအမြဲ စောင့်မျှော် နေလျှက်ပါ
အချစ်ဆုံး ချစ်၇သူရေ။။

Wednesday 15 August 2012

ပညာရှိတို့၏ အဆိုအမိန့်များ


1. The only job starts at the top is digging the hole.
ထိပ်ဆုံးကစတယ်ဆိုတဲ့ တစ်ခုတည်းသောအလုပ်ကတော့ တွင်းတူးတဲ့ အလုပ်ပဲ။

2. When you have got an elephant by the hind leg, and he is trying to run away, it's best to let him run.
မင်းကဆင်တစ်ကောင်ရဲ့ခြေထောက်ကိုဖမ်းမိထားပြီး အဲဒီဆင်ကထွက်ပြေးဖို့ ကြိုးစားနေတယ်ဆိုရင် သူ့ကိုထွက်ပြေးခွင့်ပေးလိုက်တာ အကောင်းဆုံးပါပဲ။

3. When you have made a choice and don't make it, that is in itself a choice. -William James
မင်းမှာ ရွေးချယ်ခွင့်ရခဲ့ချိန်မှာ ရွေးချယ်မှုကိုမလုပ်ခဲ့ဘူးဆိုရင် အဲဒါဟာ မင်းရဲ့ရွေးချယ်မှုပါပဲ။

4. Those who play with cats must expect to be scratched.
ကြောင်နှင့်ကစားသူတို့သည် ကြောင်ခြစ်ခံရဖို့ မျှော်လင့်ထားရမည်။

5. Always hold on to something: on the stairs, a railing; in trouble, a prayer. -Bern Williams
အမြဲတမ်းတစ်ခုခုကိုကိုင်ထားပါ။ လှေခါးပေါ်ရောက်ရင် လက်ရန်းကို။ ဒုက္ခရောက်ရင် ဓမ္မကို။

6. Love is not for keeping but for giving to someone.
ချစ်ခြင်းမေတ္တာဆိုတာ သိမ်းထားဖို့မဟုတ်ပါ။ တစ်ယောက်ယောက်ကိုပေးဖို့အတွက်ပါ။

7. A true friend can hear a tear drop. - Frank Walsh
သူငယ်ချင်းဆိုသည်မှာ မျက်ရည်တစ်ပေါက်ကျသွားသည့်အသံကို ကြားသိနိုင်သူဖြစ်ပါသည်။

8. Don't trouble trouble till trouble troubles you.
ဒုက္ခက ကိုယ့်ကို ဒုက္ခမပေးမချင်း ကိုယ်က ဒုက္ခကို သွားပြီး ဒုက္ခမပေးပါနဲ့။

9. You are never fully dressed in the morning until you put on a smile.
မနက်ခင်းရောက်လို့ တစ်ခါမှမပြုံးရသေးရင် သင်ဟာအဲဒီနေ့မနက်မှာ အ၀တ်အစားအားလုံး လဲပြီးမဖြစ်သေးပါ။

10. When you fall in a river, you're no longer a fisherman; you're a swimmer.
မြစ်ထဲကိုလိမ့်ကျသွားပြီဆိုရင်သင်ဟာ ငါးဖမ်းသမားမဟုတ်တော့ဘူး။ ရေကူးသမားတစ်ယောက်ဖြစ်သွားပြီ။

11. Neither the sun nor death can be looked at with a steady eye.
နေမင်းကိုသော်လည်းကောင်း၊ သေခြင်းကိုသော်လည်းကောင်း တည်ငြိမ်သောမျက်စိဖြင့် မည်သူမျှမကြည့်နိုင်။

12. If you have integrity, nothing else matters. If you don't have integrity, nothing else matters. -Alan Simpson
သင့်မှာ သိက္ခာ သမာဓိရှိနေရင် ဘာမှအရေးမကြီးတော့ပါဘူး။ သင့်မှာ သိက္ခာသမာဓိ မရှိတော့ရင်လည်း ဘာမှအရေးမကြီးတော့ပါဘူး။

13. Better to go on foot than ride and fall. -Thomas Middleton
မြင်းမစီးတတ်၍ လိမ့်ကျရခြင်းထက် လမ်းလျှောက်သွားရခြင်းက ပိုကောင်းပါသည်။

14. There are more men than women in mental hospitals which just goes to show who's driving who crazy. - Peter Veale
စိတ္တဇဆေးရုံတွေမှာ မိန်းမဦးရေထက် ယောင်္ကျားဦးရေကပိုများနေတာဟာ ဘယ်သူက ဘယ်သူ့ကိုပိုပြီး စိတ်ညစ်အောင်လုပ်တယ်ဆိုတာပြနေတယ်။

15. VISION: There is a vast difference between a person with a vision and a visionary person.
The person with a vision talks little but does much. The person who is visionary talks much but does nothing.
ရူပါရုံ ။ ။ အကြားအမြင်ရှိသူနှင့် အကြားအမြင်ရသူတို့ ၏ အကြီးမားဆုံးခြားနားချက်မှာ အကြားအမြင်ရှိသူသည်စကားကိုနည်းနည်းပြောပြီး အကြားအမြင်ရသူသည် စကားများများပြောပြီး ဘာအလုပ်မှမလုပ်ချေ။

16. LIMITED VISION: The eyes that never shed tears won't see the rainbow when it appears. -Ruth M. Walsh
ကန့်သတ်ရူပါရုံ။ ။ ဘယ်အခါကမှမျက်ရည်မဖြာဖူးသောမျက်ဝန်းများသည် သက်တံပေါ်လာသောအခါတွင် မြင်ရလိမ့်မည်မဟုတ်ချေ။

17. There's no point in aiming at a target with no arrow in your bow.
လေးထဲမှာမြားမရှိဘဲနဲ့ ပစ်မှတ်ကိုသွားချိန်နေရင် ဘာကိုမှထိဖို့ရာ အကြောင်းမရှိဘူး။

18. None is fool always, everyone sometimes.
ဘယ်သူမှအမြဲတမ်းတော့မရူးဘူး။ ဒါပေမယ့် တစ်ခါတစ်ရံတော့ လူတိုင်းရူးတတ်တယ်။

19. Life is long if you know how to use it. - Seneca
အသက်ကိုမည်သို့မည်ပုံအသုံးချရမည်ကိုသိပါက အသက်သည် ရှည်၏။

20. To avoid criticism do nothing, say nothing, be nothing. - Elbert Hubbard
အဝေဖန်ခံရမှာကိုရှောင်လွဲချင်ရင် ဘာကိုမှမလုပ်နဲ့။ ဘာကိုမှမပြောနဲ့။ ဘာမှလည်းမဖြစ်ဘူး။

21. May you look back on the past with as much pleasure as you look forward to the future.
ပျော်ရွှင်ကြည်နူးမှုများစွာဖြင့် အနာဂတ်ကာလကိုရှေးရှုကြည့်လေသကဲ့သို့ အတိတ်ကာလအား ပြန်လည်လှမ်းကြည့်နိုင်ပါစေ

22. If you don't know where you are going, every road will get you nowhere.
မင်းဘယ်ကိုသွားနေတယ်ဆိုတာမသိရင် လမ်းတိုင်းကမင်းကို ဘယ်နေရာကိုမှရောက်အောင်ပို့ပေးမှာ မဟုတ်ဘူး။

23. A painter should not paint what he sees, but what will be. - Paul Valery
ပန်းချီဆရာသည် သူမြင်သည့်အရာကိုမဆွဲသင့်ဘဲ သူမြင်စေချင်သည့်အရာကိုဆွဲသင့်ပါသည်။

24. Winston Churchill once said: "Never give up. Never give up. Never give up." Similarly, I didn't give up.
ဝင်စတန်ချာချီ တစ်ခါကပြောခဲ့ဖူးတယ်။ ဘယ်တော့မှအရှုံးမပေးနဲ့။ ဘယ်တော့မှအလျှော့မပေးနဲ့။ ဘယ်တော့မှအညံ့မခံနဲ့။ တဲ့။ ဒီလိုပဲ- ကျုပ်အရှုံးမပေးဘူး။

25. Brains, like hearts, go where they are appreciated. - Robert Mcnamara
ဦးနှောက်များသည် နှလုံးသားများကဲ့သို့ပင် သူတို့အား တန်ဖိုးထားသည့်နေရာသို့ သွားကြပါသည်။

26. If Christopher Columbus had turned back, no one would have blamed him- but no one would have remembered him.
ခရစ်စတိုဖာ ကိုလံဘတ်စ် သာနောက်ကြောင်းပြန်လှည့်ခဲ့မယ်ဆိုရင် သူ့ကိုဘယ်သူမှ အပြစ်ဆိုကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်သူကမှလည်းသူ့ကို သတိရကြမှာမဟုတ်ပါဘူး။

27. Parents give you life, but teachers give you the future. - Socrates
မိဘများက သင့်အား ဘ၀ကိုပေး၏။ ဆရာများက သင့်အား အနာဂတ်ကိုပေး၏။

28. Life is to learn, to live and to teach. Learn by heart. Live by faith. Teach by love.
ဘ၀ဆိုသည်မှာ လေ့လာသင်ယူရန်၊ ရှင်သန်နေထိုင်ရန် နှင့် သင်ကြားပြသပေးရန် ဖြစ်ပါသည်။ အသည်းစွဲအောင် လေ့လာသင်ယူပါ။ ယုံကြည်ချက်ဖြင့် အသက်ရှင်သန်နေထိုင်ပါ။ ချစ်ခြင်းတရားဖြင့် သင်ကြားပြသပေးပါ။

29. To be an agreeable guest, one needs only enjoys him. - Joseph Joubert
ဧည့်သည်ကောင်းတစ်ယောက်ဖြစ်ချင်ရင် သူဘာသာသူအဆင်ပြေအောင်ကြည့်နေတတ်ရတယ်။

30. Wonderful! Wonderful!
The red flowers are red.
The blue flowers are blue- wonderful!
အံ့ရော၊ အံ့ရော...
ပန်းနီနီတွေက နီ
ပန်းပြာပြာတွေကပြာ....အံ့...ရော...ဗျာ။

Saturday 5 May 2012

စူးခနဲ

မနာကျင်ပါဘူး ....
ချစ်သူပေးတဲ့ ဒဏ်ရာပဲ
တယုတယ ထွေးပွေ့တတ်ပါတယ်...

နစ်နာတယ် မတွေးပါဘူး...

ချစ်သူပေးတဲ့ ရက်စက်မှုပဲ
ငါစွဲစွဲမက်မက် ဖက်တွယ်မိပါတယ်...

အနိုင်ရတဲ့ နင်က ဘာလို့ငိုနေတာလဲ?
နင့်မျက်ရည်ကို မြင်ရတော့ ...
ငါအသည်းတွေ တစ်စစီပဲ
စူးခနဲ…ရင်ဘတ်ထဲက နာတယ်
ချစ်သူရယ်

မင်းအနည်းငယ်စာနာပေးခဲ့၇င်

 လွမ်းနေသူ...နှလုံးသား က
ပျော့ညံ့တာလား......
ပစ်ထားသူက အသဲက မာနေတာလား
အလွမ်းတွေကြားမှာ.....
အိပ်မရခဲ့တဲ့ ညတွေ
ပျော်ရွှင်မှုမဲ့ နေ့တွေကိုဖြတ်တမ်း...။

ချစ်သူမဲ့........
အမှောင်ဆုံးလမ်းပေါ်မှာ
အချစ်ကို ဆာလောင်တောင်းသ
အကြိမ်ကြိမ် မျိုချခဲ့ရတာ အလွမ်း....
.............
ချစ်သူ နဲ့ ပြန်ဆုံမဲ့နေ့
ရင်ခုန် မှုတစ်ခုနဲ့
.......... စောင့်မျှော်နေသူဆိုတာ
မင်း အနည်းငယ် စာနာပေးခဲ့ရင်
....................။

အချစ်

ငါက နင့်မောရင် နားဖို့ သစ်ပင်တစ်ပင်ပါ
ငါက နင်သွားရင် စီးဖို့ ဖိနပ်တစ်ရံပါ
ငါက နင်အေးရင် နွေးဖို့ အနွေးထည်တစ်ထည်ပါ
နင်လိုအပ်မှ အသုံးချပါ... ငါနေတတ်ပါတယ်။။

ထွက်ခွာသွားသူ

မမျော်လင့်သော အဖြစ်အပျက်
စိတ်မကူးမိသော အခြေအနေ
မဖြစ်နိုင်ဘူးလို့ ထင်သော
အနေအထားတွေ အားလုံးဟာ
အခုတော့ ဖြစ်လာခဲ့ပီး

ကျောခိုင်းတဲ့ သူ
ရက်စက်စွန့်ခွာ သွားလည်း
ပြန်လာမယ့် နေရက်ကို
ငါ မျော့်လင့်နေမိသေးတယ်

ပြန်လာမယ့်လမ်းက
ခြောက်သွေ့နေပေမယ့်
ငါ့ အတွက်ကတော့
အမြဲတမ်း စိမ်စိုနေတဲ့ လမ်းလေးပါ

အထင်လွဲမူတွေ ပြေတဲ့တစ်နေ့
အရာရာတိုင်းဟာ အရင်အတိုင်းပါ
ငါ့ ဘေးမှာ နင်မရှိလည်း
နင်ရှိနေသလိုပါပဲ
ထွက်ခွာသွားသူရေ။

ချစ်တယ်

 ဓါးလည်း သွေးပေးထားတယ်။
ရင်လည်း ခွဲပေးထားတယ်။
ဆားနဲ့လည်း ပက်သွားသေးတယ်။
ဒါတောင် နင်မကျေနပ်နိုင်သေးဘူးဆိုရင် အသက်ကိုပါပေးဖို့ အသင့်ပါပဲ။
နင့်ဆီက "ချစ်တယ်" ဆိုတဲ့ စကားတစ်ခွန်းကို ကြားရမယ်ဆိုရင်ပေါ့။

ငါ့နှလုံးသား

ငါငိုနေမယ်....
နင့်ကိုလွမ်းလို့တော့မဟုတ်ဘူး
နင့်ကိုပုံပေးခဲ့မိတဲ့
ငါ့အချစ်တွေနှမြောလို့ပါ။
ငါလွမ်းနေမယ်
နင့်ကိုတမ်းတနေတာတော့မဟုတ်ဘူး
နင့်ကြောင့်အသက်ဝင်ခဲ့တဲ့
ငါ့ရင်ခုန်သံတွေအတွက်ပါ။
ငါဝမ်းနည်းနေတယ်.........
နင်ငါ့ကိုထားခဲ့လို့တော့မဟုတ်ဘူး
မိန်းမတစ်ယောက်ဆီမှာဆုံးရှုံးခဲ့တဲ့
ငါ့မာနတွေကိုသတိရလို့ပါ။
ငါမျှော်လင့်နေမိတယ်..........
နင်ပြန်လာမယ့်အချိန်ကိုတော့မဟုတ်ဘူး
ငါသိပ်ချစ်ခဲ့တဲ့နင့်ကို
ငါလုံးဝမေ့နိုင်မယ့်အချိန်ကိုပါ.............။

လွမ်းနေတော့မယ်။

မဆိုင်သူတွေရဲ့စကားကြောင့်
မင်းမုန်းကာသွားမယ်ဆိုရင်ဖြင့်
မပိုင်သူကို့တစ်ယောက်ကို
မင်းထားခဲ့ပါ...
အမှားတွေနဲ့မရှုပ်ဘူး
သနားကာမုန်းဖို့မလုပ်ရင်
ငါအဟုတ်ကျေးဇူးတင်တယ်
မဝေးဘူးလို့မေးခဲ့ဖူးပေမဲ့
အခုတော့အဆွေးတွေနဲ့ရူး
အတွေးတွေနဲ့မူးနေခဲ့ပေါ့
နောက်ဆုံးအချစ်တွေပျောက်ဆုံးကာ
အပြစ်တွေနဲ့..မုန်းမယ်ဆိုရင်ဖြင့်
အရှုးံးပေးတဲ့ပန်း...
နှလုံးမအေးတဲ့ဇာတ်လမ်းမှာ...ငါ
အပြုံးကလေးနဲ့
လွမ်းနေတော့မယ်.....................

ဖုံးလွှမ်းသွားမလားပဲ

မင်းရဲ့ ပါးဖောင်းဖောင်းကိုမနမ်းရလည်း
မိုးသားတွေတက်နမ်းဖြစ်မယ်
တောင်တန်းတွေထရိုက်မလားပဲ.....
မင်းရဲ့ ကိုယ်သင်းရနံ့ ကိုမနမ်းရှိက်ရလည်း
လေထုထဲကရနံ့ တွေကိုနမ်းဖြစ်မယ်
ပန်းပွင့်လေးတွေငိုနေကြမလားပဲ.....
မင်းရဲ့ ချစ်ခြင်းကိုမရရှိခဲ့လည်း
ငါ့ရဲ့ ချစ်ခြင်းအားလုံးမင်းကိုပေးလိုက်မယ်.......
............
ငါ့နှလုံးသားအနီရင့်ရောင်တွေဖုံးလွှမ်းသွားမလားပဲ...... ။ ။

Monday 16 April 2012

ကြိုး

ငါ တင်းလို့ ဒီကြိုးပြတ်တာဆိုရင်
တောင်းပန်ပါရစေ ..
ငါက မချည်နှောင်တတ်လို့ပါ ..❣
နင်တင်းလို့ ဒီကြိုးပြတ်တာဆိုရင်
မေးပါရစေ ..
ငါကျစ်တဲ့ ဒီကြိုး မခိုင်ခဲ့လို့လား ..❣

မိမိချစ်တဲ့သူဆီက မျှော်လင့်တဲ့ အရာ

လူတိုင်း မိမိချစ်တဲ့သူဆီက မျှော်လင့်တဲ့ အရာ ၂၀မျိုးပါ...
၁။ ပွင့်လင်းမှုရှိခြင်း
၂။ အလျော့ပေးလိုက်လျောခြင်း
၃။ သည်းခံနိုင်ခြင်း
၎။ ခွင့်လွှတ်ခြင်း
၅။ စာနာနိုင်ခြင်း
၆။ ဂရုစိုက်ခြင်း
၇။ ကူညီဖေးမခြင်း
၈။ အချိန်ပေးနိုင်ခြင်း
၉။ နှလုံးသားကို နာကျင်အောင် မပြုလုပ်ခြင်း
၁၀။ လမ်းခွဲစကားကို လွယ်လွယ်မပြောဆိုခြင်း
၁၁။ ကာကွယ်ပေးနိုင်ခြင်း
၁၂။ ချီးမွမ်းပြောဆိုခြင်း
၁၃။ ရယ်မောပျော်ရွှင်စေခြင်း
၁၄။ စိတ်ဆိုးနေသော်လည်း အဆက်အသွယ် မဖြတ်ခြင်း၊ မပြတ်ခြင်း
၁၅။ နားလည်မှု----သဘောထားကြီးမှု
၁၆။ ယုံကြည်မှု----သစ္စာရှိမှု
၁၇။ မြတ်နိုးမှု---တန်ဖိုးထားမှု
၁၈။ ယုယမှု---ကြင်နာမှု
၁၉။ ဦးစားပေး----လေးစားမှု
၂၀။ ခိုင်မာမှု---တည်ကြည်မှု။ တို့ပဲဖြစ်ပါတယ်

Friday 6 April 2012

ချစ်သူ

ရယူခြင်းမဟုတ်တဲ့
ပေးဆပ်ခြင်းဖြင့်သာရှင်သန်ပါရစေ
ချစ်သူ...
လွမ်းဆွတ်မှုတွေနဲ့
မောဟိုက်နေတဲ့ ရင်ခွင်ကို
တစ်စစီဖြစ်အောင် ထပ်မလုပ်ပါနဲ့တော့
ခံနိုင်ရည်မရှိတော့လို့ပါကွာ...။။။

မင်းအချစ်

အပြောင်းအလဲမြန်ပြီး
မျက်နှာများတတ်တဲ့
မင်းအချစ်တွေကို လက်ခံခဲ့ပေမဲ့
အရမ်းကိုကြောက်နေမိတယ် ချစ်သူရာ...
မင်းပြောင်းလဲသွားမှာကိုပေါ့
ပထမဆုံး အချစ်မဟုတ်ခဲ့တဲ့ငါဟာ
နောက်ဆုံးအချစ်တော့ဖြစ်ပါရစေ ချစ်သူ...
ငါ့ရဲ့နောက်ဆုံး ထွက်သက်ထိပေါ့။။။။။

ငါ့အချစ်

ငါ့ရဲ့ မနေ့တုန်းက


ငါနင့်ကို အရမ်းချစ်ခဲ့တယ်..


ငါ့ရဲ့ ဒီနေ့ကလည်း


နင့်ကိုအရမ်းချစ်နေတယ်...


ငါ့ရဲ့ မနက်ဖြန်တွေမှာလည်း


ငါနင့်ကို သေလောက်အောင်ချစ်နေဦးမယ်....


နင်ယုံကြည်လိုက်ပါ


နင့်ရဲ့ ဥပေက္ခာတွေ.... အမုန်းတွေ ... လျစ်လျူရှုမှုတွေ...


ရဲ့နောက်မှာ ငါနင့်ကို


သေလုမတတ် ချစ်နေသေးတယ်.......။။။။

သတိရပေးပါ

စိတ်မှာအစဉ်
 အိပ်ယာဝင်လည်း
မေ့ ပျောက်ဖို့ ခက်
 အတွေးယှက်မို့ 
ဆွေးရရက်ပေါင်း
 ရှည်ကြာညောင်းလို့ 
လွမ်းနေသူကို
သတိရပေးပါ
ချစ်ဦးသူရယ်။

ယုံပေးပါ ကောင်မလေး

ကောင်မလေးရယ် ငါနဲ့တွေတိုင်း
နင်ပြုံးပြတက်တဲ့ မဲ့ပြုံးကိုလည်း
ငါဖတ်တက်ပါတယ်။
ငါနဲ့ဆုံတိုင်း ရှောင်ရှောင်သွားတက်တဲ့
နင့်ကို ငါနားလည်ပါတယ်။။
ငါကိုမြင်တိုင်း မျက်စောင်းထိုးတက်တဲ့
နင်မျက်စောင်းတွေကိုလည်း
ငါရှောင်ဖယ်လို့မရနိုင်ပါဘူး။
နင်မလိုချင်တဲ့ သဘောမကျတဲ့
ငါကလည်း နင်ကိုမှ
ရူးရူးမူးမူး ချစ်နေမိတယ်ဟာ..။
နင့်အမုန်းတွေကို ငါ
မသိချင်ယောင်ဆောင်ပြီးတော့
နင့်ကိုငါအမြဲချစ်နေတယ်ဆိုတာ
ယုံပေးပါလား ကောင်မလေးရယ်။။။

Friday 2 March 2012

ပြောချင်ပေမယ့်

“ ပြောချင်ပေမဲ့ ”

မင်းမရှိပေမဲ့ ငါကြည့်နေခဲ့တယ်

မင်းမနမ်းပေမဲ့ ငါလွမ်းနေခဲ့တယ်

မင်းမကြားပေမဲ့ ငါပြောနေခဲ့တယ်

မင်းမသိပေမဲ့ ငါရှိနေခဲ့တယ်

မင်းအရိပ်မှာ ငါအိပ်နေခဲ့တယ်

မင်းအနားမှာ ငါသွားနေခဲ့တယ်

မင်းမလာပေမဲ့ ငါခေါ်နေခဲ့တယ်

ပြောချင်ပေမဲ့ ပြောမထွက်ခဲ့ဘူးချစ်သူ♥♥♥

Thursday 1 March 2012

ခွင့်ပြုပါ

ဝေးကြပြီဆိုတဲ့စကား မင်းမပြောနဲ့


အတွေးထဲမှာတောင် မခွဲနိုင်ဘူး


သတိရနေမယ်ဆိုတဲ့စကား မင်းမပြောနဲ့


မင်းရဲ့အရိပ်ကလေးအဖြစ် ငါရှိချင်တာ


မင်းရဲ့အနောက်တစ်ကောက်ကောက်လိုက်လို့


မင်းစေရာနေ မင်းခိုင်းတာလုပ်


မင်းရဲ့အရုပ်ကလေးလို


မင်းရဲ့အနားနေပါရစေ


ချစ်သူ……………………♥♥♥

ကဗျာတို ၂

အချစ်ကသူ့ အနားတွယ်ငြိနေချိန်
ကိုယ်ကတော့စိတ်တေလေနဲ့ 
လေမှလွင့်နေသော
ကြွေရွက်လို အဖော်မဲ့နေသည်မှာ
ကြာခဲ့ပါပြီ အချစ်ရယ် ။ ။

နင်မေ့သွားပါပြီ ငါသာသတိရနေတာ
နင်မလွမ်းတော့ပါဘူး ငါသာအရူးထနေတာပါ
နင်မုန်းသွားပါပြီ ငါသာချစ်နေတာပါ.
ဘာဘဲဖြစ်ဖြစ် ချစ်သူရာ
ငါရဲ့ အမြဲနင်အပေါ်ချစ်နေတဲ့
အချစ်စိတ်တွေနဲ့ နင်အမြဲ ပျော်ရွင်ပါစေဟာ..။။။
 ချစ်သူ...တစ်လောကလုံးမင်းကိုမုန်းနေရင်တောင်
ငါနင့်ကိုချစ်နေမှာပါ..
တစ်လောကလုံး နင့်ကိုသစ္စာဖေါက်နေရင်တောင်
ငါနင့်အနားမှာရှိနေမှာပါ..
တစ်လောကလုံး နင်နောက်ကျောကို ဓါးနဲထိုးချင်ခဲ့ကြရင်
ငါအဲဒီနောက်ကျောလေးမှာနေပြီး
နင်အတွက်ဓါးချက်တွေကို
ခံပေးပါမယ်..ချစ်သူ...။။။
 
အချစ်ကသူ့ အနားတွယ်ငြိနေချိန်
ကိုယ်ကတော့စိတ်တေလေနဲ့ 
လေမှလွင့်နေသော
ကြွေရွက်လို အဖော်မဲ့နေသည်မှာ
ကြာခဲ့ပါပြီ အချစ်ရယ် ။ ။

နင်မေ့သွားပါပြီ ငါသာသတိရနေတာ
နင်မလွမ်းတော့ပါဘူး ငါသာအရူးထနေတာပါ
နင်မုန်းသွားပါပြီ ငါသာချစ်နေတာပါ.
ဘာဘဲဖြစ်ဖြစ် ချစ်သူရာ
ငါရဲ့ အမြဲနင်အပေါ်ချစ်နေတဲ့
အချစ်စိတ်တွေနဲ့ နင်အမြဲ ပျော်ရွင်ပါစေဟာ..။။။
 ချစ်သူ...တစ်လောကလုံးမင်းကိုမုန်းနေရင်တောင်
ငါနင့်ကိုချစ်နေမှာပါ..
တစ်လောကလုံး နင့်ကိုသစ္စာဖေါက်နေရင်တောင်
ငါနင့်အနားမှာရှိနေမှာပါ..
တစ်လောကလုံး နင်နောက်ကျောကို ဓါးနဲထိုးချင်ခဲ့ကြရင်
ငါအဲဒီနောက်ကျောလေးမှာနေပြီး
နင်အတွက်ဓါးချက်တွေကို
ခံပေးပါမယ်..ချစ်သူ...။။။
 

ကျွန်တော်ကဗျာ

မနေ့ က ရာသီဥတုက
ဒီနေ့ နဲ့ မတူဘူး
မိုးရွာရင်ရွာမယ်
နေပူရင်ပူမယ်…
ဘာမှအစိုးမရတော့ ငါ
အပြင်ထွက်ရမလား…
အပြင်ထွက်ရင်ကော ထီးဆောင်းရမှာလား…
ဘာမှန်းကို မသိဘူး…
တောက်တခေါက်ခေါက်နဲ့  အိပ်ပြစ်လိုက်တယ်…
အိပ်မက်ထဲမှာတော့
နှင်းတွေကျလို့ ……
မနေ့ က လက်ကျန်ကော ရှိသေးလား
ရေဒီယို ကတော့ပျက်နေတယ်
ဝင်ချင်ရင်တော့ တံခါးတော့ ခေါက်ပါ
ကျေးဇူးတင်တယ်ဆိုရင်
ရေတစ်ခွက်လောက်တိုက်ပါ…
ပြဇာတ်က ကောင်းတယ်နော်
မိုးဇာတ်ရဲ့ တယောသံတွေမကြားရတာကြာပြီ…
နေကောကောင်းရဲ့ လား
ကားတွေကကြပ်လို့  လမ်းလျှောက်လာခဲ့ တာ
မီးပွိုင့်တွေ ခဏခဏမိနေတယ်….
ချော်လဲလို့ ရောထိုင်မိတာပါ
လက်မှတ်တော့ မပါဘူး
မိုးတွေအေးတယ်တဲ့…
ကျန်းမာရေးလဲ ဂရုစိုက်ဦး
ဟုတ်ကဲ့ …..သွားပြီနော်
အရှေ့..အနောက်
တောင်…မြောက်
မထူးပါဘူး….မြို့ ပတ်ရထားပဲ စီးတော့ မယ်…
အကြွေပါရင်ပေးပါ..
တစ်ရာ ပြီးရင်အမ်းမယ်နော်…
မောတယ်…မောတယ်…
ရေသောက်လိုက်ဦးမယ်…
ဇာတ်သိမ်းခန်းကျတော့
မင်းသားနဲ့ မင်းသမီး ပေါင်းရမှာလား
ဟော…မီးပျက်သွားပြီ….

ဆက်ချစ်နေပါ့မယ်

ငါမသိလိုက်တဲ့အရာတစ်ခု
ငါ့ရင်ထဲကို ဒုန်းစိုင်းဝင်လာခဲ့တယ်
ရှောင်လွှဲလို့ မရ တည့်မတ်စွာ
နှလုံးသားတည့်တည့်ကို ထိသွားခဲ့တယ်
တကယ်တော့ ကိုယ့်အားနည်းချက်နဲ့
ကိုယ်မို့ရိုးသားစွာလဲကျသွားတာပါ


ဆွဲဆောင်တာမဟုတ်ပါဘူး
ရင်ထဲကို အလိုလိုရောက်လာတာပါ
ချစ်တယ်ဆိုတဲ့ စကားလုံးဟာ လူတိုင်း
ပြောကြလို့ ရိုးများနေလား
မထင်လိုက်ပါနဲ့ ချစ်သူ
စကားလုံးမရှိသလို စာတွေလည်းဖွဲ့ လို့ 
မှီမယ်မထင်ပါဘူး


လူတိုင်းရဲ့ အချစ်ဟာ ကုန်ချင်မှကုန်မယ်
နှလုံးသားတော့အပိုမပါဘူးလေ
ငါ့နှလုံးသားကို ငါပိုင်တယ်
ချစ်သူနားလည်မယ်ဆိုရင်
ငါ ရင်ခုန်သံတွေ
သေချာ နားထောင်ကြည့်ပါ ချစ်သူ
ဝင်သက်ထွက်သက်တိုင်းမှာ
မင်းပဲရှိနေတာလေ
မင်းအကြောင်းပဲ တွေးနေမိတယ်
ရှေ့တိုးဖို့ မဖြစ်နိုင်ပေမဲ့
နောက်ဆုတ်ဖို့ လည်း ငါ မတတ်နိုင်ပြန်ဘူး
ချစ်သူ
ဘရိတ်အုပ်ပြီး ပြန်လည်တည့်မတ်လာ
နိုင်အောင် ကြိုးစားနေဆဲပါ
ငါကြိုးစားနေတာ ချစ်သူကို မေ့ဖို့ မဟုတ်ဘူးနော်
ရင်ခုန်သံတွေကို တည်ငြိမ်လာအောင်ပါ
စိတ်ချပါ ချစ်သူ
ငါ အသက်ရှူတိုင်းငါ့ နှလုံးသားတွေခုန်နေ


သမျှ ချစ်၍နေအုံးမည် ချစ်သူ......။။။

ငါ့ရင်ခွင်

အပြင်မှာ မိုးတွေ တသဲသဲမဲမဲ ရွာနေတယ်...
ပူလောင်လှတဲ့ငါရင်ခွင်ကို အေးချမ်းအောင်တော့ မင်းမတတ်နိုင်ခဲ့ပါဘူး...
ဒါပေမယ့် ငါမသိခဲ့တဲ့ဒဏ်ရာတွေကို တော့ မင်း က တူးဆွနိုင်ခဲ့တယ်....
ရင်ခွင်တစ်ခုလုံးပွင့်ထွက်အောင်တော့မင်း မလုပ်နိုင်ခဲ့ပါဘူး။
ဒါပေမယ့် ရင်တွင်း မြစ်ရေကိုတော့ လျှံကျစေခဲ့တယ်....
ကျဆင်းလာတဲ့မျက်ရည်တွေကို မကုန်ခန်းအောင် မင်းမလုပ်နိုင်ခဲ့ပါဘူး...
ဒါပေမယ့် ငါရဲ့အာရုံတွေကိုတော့ တိုက်စားသွားခဲ့တယ်။
ပီပြင်လွန်းလှတဲ့မင်းရဲ့ ပုံရိပ်တွေကိုတော့ မင်းမချေဖျက်နိုင်ခဲ့ပါဘူး....
ဒါပေမယ့် တစ်လောကလုံးကိုတော့ မင်းအနိုင်ယူနေခဲ့တယ်။
မင်းအနိုင်ယူနိုင်ပါတယ်....
မင်းစိတ်ရိုင်းတွေဝင်နေတုန်းတော့
မင်းအားရှိသလောက် လုပ်ပေါ့...
မင်းမာယာတွေနဲ့ချော့တစ်ခါ ခြောက်တစ်လှည့်ပေါ့။
မင်းမောသွားရင်တော့
ငါ့ရင်ခွင်မှာ နားခိုလှည့်ပေါ့..။။

အိပ်မက်

တခါတပ်မက်ခဲ့ ဘူးတယ့်အိမ်မက်ပါ
နောက်တဘ၀စာ
ငါပြန်လည်သိမ်းပိုက်ခဲ့တောင်
အချစ်က လှလှပပ
Lecture တွေပေးခဲ့ 
ငါ့ဘ၀ရဲ့ 
ကမ္မည်းကျောက်ဝယ်
တိုက်ခတ်စရာမရှိတော့တယ့်
ကမ်းရိုးတမ်းက လှိုင်းဂယက်လို
ဘ၀ကိုနောက်ပြန်ဆုတ်လို့ ရရင်
သိပ်ကောင်းမှာပဲနော် ။ ။
ဒါပေမယ့်
မခိုင်မြဲတဲ့ ကမ်းရိုးတမ်းမှာ
ဦးခိုက်ကာရပ်နေတယ့်
လှေငယ်တစင်းပါ ချစ်သူ ။

ငိုချင်တယ်

ထာဝစဉ် ပျိုမြစ်
အသစ်တွေ ဘယ်လိုကောင်းကောင်း
အဟောင်းတလည်လည်ဖြစ်
နုပျိုသစ်နေဆဲ အသည်းထဲ
ရုတ်တရက်
တံခါးမကြီးက ၀င်လာတယ့်အချစ်
အပြစ်တွေမြင်လာတယ့်အခါ
အကြင်နာတွေပျောက်ကွယ်
မုန်းတယ်.. မုန်းတယ် ဖြစ်ပြီး
အချစ်က လျပ်တပြက်ပျောက်ကွယ်လည်း
နောက်ဆုံးတော့ မိုးရွာတိုင်း
ငါတယောက်တည်း မျက်ရည်တွေဝဲနေမိခဲ့တယ်။။။။

မင်းအချစ်

တိမ်တိုက်လို မျော်လွှင့်ပြီး
မုန်တိုင်းလို တိုက်ခတ်တယ့်
မင်းအချစ်က..
ငါ့ဘ၀တခုလုံးကို
ဝါးမြိုတိုက်စား ပြိုလဲသေတယ် ။ ။
မင်းမာယာ ကြောင့်..
မုန်တိုင်းကို လေပြေညင်းလို
ထင်မှတ်ခဲ့တယ့် ငါ့ဦးနှောက်ရဲ့ 
ဇလဗေဒ ခန့် မှန်းခြေက
ငါ့အချစ်ကို..
ဒုက္ခသည် စခန်းမှာ အချစ်အတွက်
တန်းစီခိုင်းစေတယ် ။ ။

...........မ.........

မ...ရယ်အချစ်နဲ့ စစ်မှာ
မတရားတာမရှိဘူးတဲ့
စစ်ကိုအနိုင်လိုချင်လို့ 
တိုက်ခိုက်ကြတယ်…
အချစ်ကို အပိုင်လိုချင်လို့ 
တိုက်ခိုက်ကြတယ်
ပရိယာယ် ကြွယ်ဝမှု
သာလွန်နေရင် အနိုင်ရကြစမြဲပါ ၊ ၊
ဒါပေမယ့်
မောင့်အချစ်ကို
ပရိယာယ် ကြွယ်ဝမှုနဲ့ သက်ဆိုင်ပြီး
အချစ်ကို လုယူဖို့ 
မတိုက်တော့ပါဘူး ။ ။

Tuesday 21 February 2012

ချစ်သူ

ချစ်သူ
ငါ့ကို မချစ်ရင်နေပါ
မုန်းတော့ မမုန်းလိုက်ပါနဲ့


ချစ်သူ
နင် ငါ့ကို သတိမရရင်နေပါ
မေ့တော့ မမေ့လိုက်ပါနဲ့


ချစ်သူ
နင်ငါ့ကို မတွေ့ချင်ယောင် ဆောင်ရင်ဆောင်ပါ
ငါ့ ရှေ့ကနေ မရှောင်ထွက် သွားပါနဲ့


ချစ်သူ
နင်ငါ့ကို ပျော်ရွင်မူမပေးရင်နေပါ
ငါ့ကို နာကျင်မူတွေ မပေးခဲ့ပါနဲ့။။။

Sunday 19 February 2012

သေပျော်ပါပြီ

ရင်တွင်းစကားတစ်ခွန်းကို


ဖြေသိမ့်စရာ


အကြည့်တစ်ချက်


အပြုံးတစ်ခုနဲ့ပဲ


ကျေနပ်လိုက်ပါ့မယ်။


သိုဝှက်ထားတဲ့ ရင်ခွင်နှစ်ခုကို


နားလည်မှုနဲ့ပဲ


အဆုံးသတ်ရင်း.................

မင်းအချစ်သာ ပိုင်ဆိုင်နိုင်မယ်ဆိုရင်..........

အရံလူ

တကယ်တော့


ငါဟာ


မင်းနင်းမယ့်လမ်းမှာ


ပန်းခင်းဖို.


သူငယ်ချင်း ဆိုတာကို ရင်းခဲ့ရသူပါ။


မင်းကတော့


ငါ့ နှလုံးသားကို


အဆိပ် သင့်စေမယ့်


ဆေးခါး တစ်ခွက် စပ်ဖို.


(ငါက လွဲရင်)


အားလုံးကို ပိုချစ်ပြခဲ့တယ်။


သူငယ်ချင်းရေ


အဖြူရောင် ဆိုတဲ့


စည်း တစ်ခုရဲ. အပြင် ခြား


အနက်ရှိင်းဆုံး ချစ်ပြမိပြီးပါမှ


ငါဟာ (မင်းရဲ.)


အရံလူ ဆိုတာ


အချိန်တွေ လွန်မှ သိလိုက်ရတယ်။

ကဗျာတို

အရင်လိုအချိန်တိုင်းသတိရနေတာမဟုတ်ပေမယ့်
တခါတလေသတိရတာလည်းရင်နင့်အောင်ခံစားရပါတယ် ချစ်သူ......
 
မြင်မြင်ခြင်းချစ်မိတယ် ဆိုတဲ့စကားစုလေးတစ်ခုက အချစ်များတဲ့လူတွေ အတွက်ကစားစ၇ာအရုပ်လေးတစ်ခုဖြစ်ပေမယ့် ကိုယ်အတွက်တော့
ရင်ခုန်စရာဗိမာန်လေး တစ်ခုပါ.....။။။။
 
love (အချစ်) ဟူသည်။

Love of sorrow (၀မ်းနည်းပူဆွေးရေအိုင်)
Ocean 0f tears(မျက်ရည်ပင်လယ်)
Valley of death(မရဏတောင်ကြား)
End of live (ဘ၀နိဂုံး) ပါတဲ့...။။။
 

ကျရှုံးသူ

နင်တောင် ငါ့ကိုထားခဲ့ပြီးးးးး
အဝေးကို ထွက်သွားနိုင်မှတော့.....
ငါလည်း နင့်နဲ့မတွေ့နိုင်တော့တဲ့နေရာကို..
ပြန်ထွက်သွားဖို့ ဝန်မလေးတော့ပါဘူးးးး
အဲဒီနောက်မှာတော့..........
ကြေကွဲဝမ်နည်းမူတွေ တပွေ့တပိုက်နဲ့ပေါ့.....

Wednesday 8 February 2012

ပြောချင်ပေမယ့်

မင်းမရှိပေမဲ့ ငါကြည့်နေခဲ့တယ်

မင်းမနမ်းပေမဲ့ ငါလွမ်းနေခဲ့တယ်

မင်းမကြားပေမဲ့ ငါပြောနေခဲ့တယ်

မင်းမသိပေမဲ့ ငါရှိနေခဲ့တယ်

မင်းအရိပ်မှာ ငါအိပ်နေခဲ့တယ်

မင်းအနားမှာ ငါသွားနေခဲ့တယ်

မင်းမလာပေမဲ့ ငါခေါ်နေခဲ့တယ်

ပြောချင်ပေမဲ့ ပြောမထွက်ခဲ့ဘူးချစ်သူ♥♥♥

ဆက်၍ချစ်နေပါ့မယ်

ငါမသိလိုက်တဲ့အရာတစ်ခု
ငါ့ရင်ထဲကို ဒုန်းစိုင်းဝင်လာခဲ့တယ်
ရှောင်လွှဲလို့ မရ တည့်မတ်စွာ
နှလုံးသားတည့်တည့်ကို ထိသွားခဲ့တယ်
တကယ်တော့ ကိုယ့်အားနည်းချက်နဲ့
ကိုယ်မို့ရိုးသားစွာလဲကျသွားတာပ

ဆွဲဆောင်တာမဟုတ်ပါဘူး
ရင်ထဲကို အလိုလိုရောက်လာတာပါ
ချစ်တယ်ဆိုတဲ့ စကားလုံးဟာ လူတိုင်း
ပြောကြလို့ ရိုးများနေလား
မထင်လိုက်ပါနဲ့ ချစ်သူ
စကားလုံးမရှိသလို စာတွေလည်းဖွဲ့ လို့ 
မှီမယ်မထင်ပါဘူး

လူတိုင်းရဲ့ အချစ်ဟာ ကုန်ချင်မှကုန်မယ်
နှလုံးသားတော့အပိုမပါဘူးလေ
ငါ့နှလုံးသားကို ငါပိုင်တယ်
ချစ်သူနားလည်မယ်ဆိုရင်
ငါ ရင်ခုန်သံတွေ
သေချာ နားထောင်ကြည့်ပါ ချစ်သူ
ဝင်သက်ထွက်သက်တိုင်းမှာ
မင်းပဲရှိနေတာလေ
မင်းအကြောင်းပဲ တွေးနေမိတယ်
ရှေ့တိုးဖို့ မဖြစ်နိုင်ပေမဲ့
နောက်ဆုတ်ဖို့ လည်း ငါ မတတ်နိုင်ပြန်ဘူး
ချစ်သူ
ဘရိတ်အုပ်ပြီး ပြန်လည်တည့်မတ်လာ
နိုင်အောင် ကြိုးစားနေဆဲပါ
ငါကြိုးစားနေတာ ချစ်သူကို မေ့ဖို့ မဟုတ်ဘူးနော်
ရင်ခုန်သံတွေကို တည်ငြိမ်လာအောင်ပါ
စိတ်ချပါ ချစ်သူ
ငါ အသက်ရှူတိုင်းငါ့ နှလုံးသားတွေခုန်နေ

သမျှ ချစ်၍နေအုံးမည် ချစ်သူ....

Friday 3 February 2012

နုတ်မရတဲ့ဆူးလိုပါပဲလား



တွေ့ရပြန်ပြီ
တခဏ အတွင်းရင်တွင်းဖြစ်ရပ်
မငြိမ်မသက် ငါ့ရင်ခုန်သံ
ကြားနေရသည် ။
သူနဲ့ တွေ့ခိုက်
ချစ်နေရသည့် ငါ့နှလုံးသား
အပြစ်ကင်းစင် မျက်ရည်လွှမ်းမိုး
မယာများအောက် ကျန်ရစ်ခဲ့သည် ။
ဒဏ်ရာ ဆွေးကြောင့်
တွေဝေနေချိန် ငါလွမ်းခဲ့သည့်
ပျော်ရွှင်နေ့ရက် မေ့ပျောက်ကုန်ရန်
ငါ မည်သို့စွမ်းဆောင်ရမည်နည်း ။ ။

Tuesday 31 January 2012

မိုင်တိုင်

သူ့အကြည့်ရဲရဲရှေ့
ဖြတ်မကူးဝံတယ့်
မော်တော်ကားစုတ်လေးပါ..
နှလုံးသား အင်ဂျင်က
ဖွတ်ချက် ...ဖွတ်ချက်နဲ့
မျော်လင့်ချက် လမ်းလေးက
ကြမ်းလိုက်တာ..
တစ်နာရီ
သတိရမိုင်နှုန်းအတိုင်း
ကိုယ့် ဘ၀ ဒိုင်ခွက်ကလေးက
စိတ်သွားတိုင်းကိုယ် မပါဝူး အချစ်ရာ..

ပြုပြင်ဆဲနှလုံးသား

မင်းကိုစတွေ့ ကတည်းကချစ်ခဲ့ တာပါ ။
ဒီစကားကို မင်းနဲ့ တွေ့ တိုင်းပြောပြချင်နေတယ် ။ ။
ကဗျာသမား စာသမား
မဟုတ်ခဲ့ပေမယ့်
မင်းကြောင့် ...
အချစ်အတွက် ဆရာတစ်ပါးလို
ကဗျာတွေ ငါရေးတတ်နေတယ် ။ ။
မင်းမျက်ကွယ်မှာ
ကြင်နာခြင်းအချို့ ကို ထင်ယောင်ထင်မှားဖြစ်အောင်
ပြခဲ့တာမဟုတ်ပါဘူး ။
ငါ့နှလုံးသားက ခိုင်းစေတယ့်အတိုင်း
ချစ်တယ်ဆိုတယ့် စကားတစ်ခွန်းကြောင့်
ငါတို့ နှစ်ယောက်ဝေးကွာမှာကို ခံနိုင်ရည်ရှိအောင်
နှလုံးသားက ပြုပြင်ဆဲ ပါ ကောင်မလေးရယ် ။ ။

Friday 27 January 2012

ဒဏ်ရာ



မင်းကိုစတွေ့ တုံးက မင်းပြုံခဲ့ တယ့်အပြုံး
ငါ့ အတွက် မဖြစ်ခဲ့ရင်တောင်
ငါပြုံးခဲ့ တယ့် အပြုံးက မင်းအတွက်ရည်ရွယ်ပီးသားပါ ။ ။
ငါ့ မျက်ဝန်းတွေ ကိုမင်းဖတ်နိုင်ခဲ့ မယ်ဆိုရင်
ကမ္ဘာမှာ မင်းမတွေ့ ဖူးတယ့် နှလုံးသားနဲ့ 
မပြောဖူးတယ့်စကား
မရေးဖူးတယ့်စာ
တွယ်တာလွန်းတယ့် သံယောဇဉ်ကြောင့်
ငါ့အတွက် မီးစိမ်းလေးပြခဲ့ ရင်သိပ်ကောင်းမှာပဲ ။ ။
ဒဏ်ရာတခု ကိုဆေးလိမ်းကုသရသလို
မင်းကိုချစ်နေတယ့် ငါ့နှလုံးသား
ချစ်သူမလိုချင်ဘူး ဆိုတယ့်
စကားတစ်ခွန်းကြောင့် မီးနီပြခဲ့ ရင်တောင်
ငါ့အတွက် မင်းပေးတယ့်ဒဏ်ရာကို
မကုသပဲ သိမ်းထားမှာပါ ကောင်မလေး ရယ် ။ ။

Monday 23 January 2012

ကာရံ



ခင်မင်မှုဆိုတယ့် ခေါင်းစဉ်အောက်မှာ
ငါတို့ နှစ်ယောက်သူငယ်ချင်းတွေဖြစ်ခဲ့ တယ်
ကြင်နာမှုဆိုတယ့် ခေါင်းစဉ်အောက်မှာ
ငါတို့ နှစ်ယောက် ချစ်သူတွေပေါ့
ပြသာနာဆိုတယ့် ကိစ္စတစ်ရပ်မှာ
နားလည်မှုမရှိတယ့်မင်း
အလျှော့မပေးတတ်တယ့်ငါ
မာနကြိုးတွေတင်းပြီး
အချစ်ကြိုးတွေ ပျက်လို့ 
လွမ်းခွဲခြင်းဆိုတယ့် ခေါင်းစဉ်အောက်မှာ
ငါတို့ နှစ်ယောက်အတွက်
valentin day က မပတ်သက်တော့ ပါဝူး.ချစ်သူ ရယ်..။.။.။.။

တွေ့ကြမယ့် နေ့လေးတစ်နေ့ဆီသို့

ချစ်ရသူ........

ညဆိုလဲ လွမ်းတယ်...

ခဏဆိုလဲ လွမ်းတယ်...

သို့ပေမယ့်...

တမြေစီအဝေးမှာ

အနေတွေ မနီးခဲ့လဲ...

သစ္စာတွေတိုင်တည်

မေတ္တာတွေ မယိုင်ပါ

နားလည်မှုကို အခြေပြု

ဘ၀တူတူ ထုဆစ်ဖို့

လွမ်းရက်တွေကိုနင်း....

အချစ်တွေထပ်ရင်းကာ

ကျော်ဖြတ်ကြမယ်လေ

တွေ့ဆုံကြမယ့် နေ့တနေ့ဆီသို့....။။

Sunday 15 January 2012

ကောင်လေးအချစ်ကို ငြင်းမယ်ဆိုရင်

ကောင်မလေး တယောက်ကို ကောင်လေး တယောက်က ချစ်မိနေတယ့် အခါ သူ့ ရဲ့ ကြိုးစားမှုတွေဟာ ကောင်မလေး ကို စိတ်ဆင်းရဲအောင် တခုမှ မပါခဲ့ ပါဝူး... ။
ကောင်မလေး က ကောင်လေး ချစ်ရေးဆိုမှာကို
ခေါင်းရှုပ်တယ် ဆိုတယ့် ခံစားမှုနဲ့  ငြင်းပယ်ခဲ့ မယ်ဆိုရင်တောင် အယ်ဒီကောင်လေး အချစ်က ပြောင်းလဲ သွားမယ်ထင်နေလား...မပြောင်းလဲပါဝူး...နောက်တယောက်ပြောင်းချစ်ဆိုရင်တောင်..ပြုပြင်ဆဲ နှလုံးသားနဲ့  ကောင်လေး တယောက်ဟာ ..........ချစ်နေလျက်နဲ့ အသည်းကွဲရသလို တကယ်မချစ်တယ့် အစားထိုး ချစ်နေရမယ့် ကိစ္စ အတွက် ကောင်လေး ရဲ့ နှလုံးသားကို အားနာမိတယ်....။.။
ဒီဒဏ်ရာတွေ သူမပေးခဲ့ ပေမယ့် ကောင်လေး ကျေကျေနပ်နပ်ကြီး ကို သိမ်းဆည်းထားတာပါ..။. အယ်ဒီကောင်မလေး အကြောင်း စဉ်းစားရင် အယ်ဒီကောင်မလေး အတွက် ရူးနေတယ့် ကောင်လေး တယောက် သူ့ ကို သတိရနေတယ်ဆိုတာတောင် သူသိနေရင် ကောင်လေး အတွက် ကြယ်စုံညလေး ကို စောင့်နေတယ်ဆိုတာ ကို အယ်ဒီကောင်မလေး
စဉ်းစားပေးခဲ့ ရင် ......something Happen!.....  

ကောင်မလေးအတွက် ကောင်လေးကဘာလဲ....

ပထမ ဆုံး ချစ်သူများနေ့ မှာ မတော်ရသေးတယ့် ချစ်ရသူနဲ့ ......

အပိယေဟိ သမ္မယောဂေါ ဒုက္ခော
ချစ်သူနဲ့ ကွေ့ကွင်းရခြင်းသည် ဆင်းရဲ၏ ။
ပိယေတိ ၀ိပယောဂေါ ဒုက္ခော
မချစ် မနှစ်သက်သူ နှင့် အတူနေထိုင်ခြင်းသည်ဆင်းရဲ၏ ။

ဒါမျိုး အတွေးတွေ မ၀င်စေနဲ့ လို့ ဆုတောင်းပါတယ်..။.။.။

အချစ် နဲ့ သံယောဇဉ်က မတူပေမယ့် အာဋိသင် တော့ တူပါတယ်..
တန်ရင် ဆေး လွန်ရင်ဘေး ဖြစ်တတ်လို့ ပါ..။.။.။။
အချစ်က ကောင်လေး အတွက်တော့ အဆိပ်တခုလို ဖြစ်နေပီထင်တယ်..။.။.။။

သူငယ်ချင်း..ကောင်မလေး တွေက ကောင်လေး တွေကို ခိုင်းလို့ ကောင်းရင် သူတို့ သူငယ်ချင်းလို ပေါင်းပီး ။
သူတို့ နောက်လို့ ကောင်းရင် လူရွှင်တော်လို သဘောထားတယ် ။
ဒါပေမယ့် သူတို့ အထင်ကြီး လေးစားမှု မရှိတယ့် လူကိုတော့ ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ တွန်းဆုတ်ကြတယ်..
အယ်ဒါကို နင်နားလည် ဖို့ လိုတယ်.။.။.။
ကောင်လေး ကိုယ်တို ကောင်မလေး အတွက် သူငယ်ချင်းလား ? လူရွင်တော်လား ? ဘ၀လက်တွဲဖော်လား ?

ကောင်မလေး

ကောင်မလေး
မဆိုစလောက် ခလေးတစ်ယောက်ရဲ့ အပြစ်
အလစ်ချောင်းတိုက်ခိုက်မှုမျိုးကု
မင်းမို့ လုပ်ရက်တယ် ။
တစ်ဖက်လူ မခံချိမခံသာအောင်
ခပ်လှောင်လှောင် ရယ်သံမျိုးကို
မင်းမို့ ရယ်တတ်တယ် ။
အဝေးတစ်နေရာကနေ စောင့်ကြည့်
မထိတထိ အပြုံးမျိုးကို
မင်းမို့ ပြုံးတတ်တယ် ။..။။။။။

Wednesday 11 January 2012

ပုံပြင်ချစ်သူ

ငါ့ဘ၀မှာ မရနိုင်ခဲ့တဲ့.. မရနိုင်တော့ဘူးလို့ထင်ခဲ့တဲ့

ပျော်ရွှင်မှုမျိုးကို ခံစားခဲ့ဖူးပါတယ်..... ငါလဲ အ၇မ်းကို ကျေနပ်ပါတယ်..

ဒါပေမယ့် ဒီလိုပျော်ရွှင်မှုမျိုးကို ထာဝရဘာလို့မရခဲ့တာလဲ...?

ရင်ထဲမှာ နာကျင်စွာ ခံစားနေရတယ်ဆိုတာ ဘယ်သူမှမသိပေမဲ့...

ငါ့ကိုငါတော့ သိနေတယ်.....။

ညတိုင်းအိပ်ပျက်နေတာ ငါကြာရင် ရူးသွားနိုင်တယ်... ဒါပေမယ့်မတတ်နိုင်ဘူးလေ....

မင်းနဲ့ရှိခဲ့ကတည်းက ငါ့ရဲ့ ပျော်ရွှင်မှုတွေကြောင့် ကဗျာတွေရေးရင် အိပ်ရေးပျက်ခဲ့ဖူးပါတယ်...

ခုလည်းဘာထူးလဲ... နင့်အတွက် ကဗျာတွေရေးရင်းအိပ်ရေးပျက်နေရတယ်လေ...:P

အကြောင်းအရာကတော့ တခုနဲ့တခု မတူနိုင်ဘူးပေါ့... နော် .....

နင်ကဗျာထက် ပုံပြင်ကို ပိုကြိုက်တယ်ဆိုတာ ငါသိပီးသာပါ... ဟာ ....

ပုံပြင်ဆိုတာ အမှန်မှမဟုတ်တာ..... အချစ်ဆိုတာလဲ ပုံပြင်မဟုတ်ဘူးလေ....

ဒါကြောင့် ပုံပြင်မဟုတ်တဲ့ အချစ်ကို နင်ဘာကြောင့်ပုံပြင်လိုသတ်မှတ်ခဲ့တာလဲ.... ဟာ ....။။

Saturday 7 January 2012

ကဗျာ

ကဗျာတွေကတော့ ခံစားမှုပါသက်သက်ပါ...

ကဗျာဟာ အကြောင်းအရာတခုနဲ့တခု.. တစုံတယောက်နဲ့တယောက်..

အပေါ်ကို အခြေခံထားပီး ဖွဲ့ဆိုထားတာပါ...

ကဗျာကိုဖတ်ရင်းနဲ့ ကဗျာရေးသူရဲ့ နှလုံးသားကိုသိနိုင်ပါတယ်...

ကဗျာဟာ စိတ်ကူးယဉ်မဆန်ပါဘူး.... နှလုံးသားတာ စိတ်ကူးယဉ်ဆန်တာပါ...

စိတ်ကူးယဉ်ဆန်တဲ့ နှလုံးသားကို ထိန်းကြောင်းပေးနိုင်တဲ့ ဦးနှောက်မှာ

မှန်ကန်တဲ့အကြောင်းအရာတွေကိုသာ မှတ်သားထားဖို့လိုတာပါ....

စကားတချို့ဟာပြောပြနေရင် ပြောနေတဲ့သူတာရူးတယ်လို့ထင်မှာပ

ဒါပေမယ့်လည်းငါရူးပါရစေ.... ထာဝရရူးပါရစေ..

Wednesday 4 January 2012

ချစ်ရသူရယ်

ချစ်သူ…
နိုက်တင်ဂေးလ် ငှက်ငယ်ရဲ့
တေးသံကျူးရင့်သံက
သာယာလှပတယ်လို့ လူတွေပြောကြတယ်…
ကိုယ့်အတွက်ကတော့ …
မင်းရဲ့ အသံထပ် ချိုသာမယ် မထင်ဘူး….

ချစ်သူ….
ညတစ်ညရဲ့ အလှအပက
ကြယ်တွေရဲ့ အလင်းစက်ကြောင့်ဆိုရင်
ကိုယ့်ရဲ့ ညမိုက်ကလည်း
မင်းရဲ့ အလင်းစက်ကြောင့် လှပနေခဲ့ပါတယ်….

ချစ်သူ….
လောကသဘာဝ ဆိုတာက
စိမ်းစိုနေမှ လန်းဆန်းတက်ကြွနေတယ် ဆိုရင်
ကိုယ့်ရဲ့ လောကနယ်ပယ်လေးကလည်း
မင်းကြောင့် စိမ်းစို လန်းဆန်းနေတယ်……

ချစ်သူ…
ခြောက်သွေ့နေတဲ့ သစ်ပင်တွေက
မိုးစက်ခုန်ဆင်းလို့ မြူးတူးကြတယ် ဆိုရင်
ကိုယ့် နှလုံးသား သစ်ပင်လေးကလည်း
မင်းရဲ့ အချစ်မိုးစက်တွေကြောင့် မြူးတူးခဲ့တယ်….

ချစ်သူ…..
ကိုယ့်ရဲ့ အချစ် အမုန်း ခံစားချက်
အရာအားလုံးကို မင်းပဲ သိမ်းပိုက်ထားတယ်
အဲဒါကြောင့်….
စိတ်နှလုံးကို မင်းဆီမှာပဲ အကျဉ်းချလိုက်ပါတယ်
မင်းစိတ်စေရာ နေပါမယ်…....

အိမ်မက်တစ်ပိုဒ်တဲ့လား???

ငါဟာနင့်အတွက် အိမ်မက်တပုဒ်တဲ့လား ……..

ဟုတ်ပါတယ် နင်ဘယ်တော့မှ မမက်ပဲချောင်ထိုးခံထားရတဲ့ အိမ်မက်တပုဒ်ပါ…..

နင့်အိပ်မက်တွေထဲကနေ ငါ့ကိုတိတ်တိတ်လေးဆွဲထုတ်လိုက်ပ

…… ငါ….. ….

မသိချင်ယောင်ဆောင်နေပေးပါ့မယ်….

ကံကြမ္မာရယ်………..
ငါတို့ ၂ ယောက်ရဲ့ ဆုံနိုင်ခွင့်ကို ဘယ်ဘက်လက်ထဲမှာဝှက်ထားခဲ့တာလဲ…..

လွဲချော်တိုင်း အပြစ်ဖို့ခံရတဲ့ ကံကြမ္မာတောင် အခန်းထောင့်မှာသိမ်ငယ်စွာနဲ့ ငိုကြွေးနေရပြီ ချစ်သူရယ်.

ငါ့ဆီ ပြန်လာခဲ့ပါ..

နင့်အတွက်ငါ့ဘ၀ကိုအလှပဆုံးကပြဖျော်ဖြေပေးပါရစေချစ်သူရယ်။။

Monday 2 January 2012

လက်ကျန် အိမ်မက်

ဇတ်လမ်းတစ်ခုပြီးဆုံးသွားပြီလား
လေးနက်ခြင်းတွေနဲ့အစပျိုးခဲ့သမျ
ပေါ့ပျက်ပျက်နဲ့ဆုံးသတ်တောမှာလား.
လွမ်းဆွေးတယ်ဆိုတာ
ကောင်းကင်က နေတစ်စင်းပါ..
တစ်ခါတစ်ခါပျော်ရွင်မူအတွက်
ငါအိပ်မက်တွေဆီကိုတော...
နင်အလည်လာခွင်ရှိပါသေးတယ်

ခက်ခဲ့ပုစ္ဆာတစ်ပုဒ်ကို
အဖြေ ထွက်အောင်တွက်လိုရချင်ရမယ်
နင်ဘာလိုရက်စက်သွားတာလဲဆိုတာ
အခုချိန်ထိငါမေးခွန်းထုတ်လိုမရဘူး
ကံကြမ္မာအားနည်းခဲ့လို့
ငါဘ၀ထဲ့မလာချင်တာဆိုလက်ခံပါတယ်
မနက်ဖြန် ဆိုတာတွေဆင်ဆာဖျက်ထားတော့
ငါ့ရင်နာရခက်တယ်။

'' ငါအတွက်အမြဲရှိနေမယ်ဆို''
ဘာဖြစ်လိုလက်ခံပေးဖိုတောင်
အင်အားမရှိရတာလဲကိုယ်တိုင်
သရုပ်ဆောင်လိုက်ရတဲ့
ဇတ်ကားတစ်ခုနင့်ဇတ်လမ်းတွေက
ငါလက်ဖျားခါလောက်အောင်တော်လွန်းတယ်....။
..........................
.............................
နင်တော်လွန်းပါတယ်...။

'' အရမ်းချစ်ပါတယ်ဆိုတဲ့စကားတစ်ခွန်း''
င့ါအတွက်မြားတစ်စင်းလို....
ပစ်ခွင်းဖို့အဆိပ်လူးခဲ့တာလား
နင်ပေးတဲ့အချစ်ကဆေးတစ်ခွက်လို
မော့သောက်ပြီးမှာအဆိပ်မှန်းသိခဲ
ဒါပေမယ့်.......*****
အစိမ်းသက်သက် မျိုချ ခဲ့တာပါ . ...< L.L.T >

အဆုံးသတ်သွားပြီလား
မျော်လင့်ချက်တွေခါးကျိုးသွားပါပြီ
အချစ်တစ်ခုထဲ့ပိုင်ဆိုင်တဲ့ငါ
နှလုံးသားရှေးရေးအတွက်
မရင့်ကျက်သေးတဲ့ ပင့်သက်တွေနဲ့ပဲ
နင့်နေအောင်လွမ်းမယ် ... ...။။