Sunday 19 February 2012

အရံလူ

တကယ်တော့


ငါဟာ


မင်းနင်းမယ့်လမ်းမှာ


ပန်းခင်းဖို.


သူငယ်ချင်း ဆိုတာကို ရင်းခဲ့ရသူပါ။


မင်းကတော့


ငါ့ နှလုံးသားကို


အဆိပ် သင့်စေမယ့်


ဆေးခါး တစ်ခွက် စပ်ဖို.


(ငါက လွဲရင်)


အားလုံးကို ပိုချစ်ပြခဲ့တယ်။


သူငယ်ချင်းရေ


အဖြူရောင် ဆိုတဲ့


စည်း တစ်ခုရဲ. အပြင် ခြား


အနက်ရှိင်းဆုံး ချစ်ပြမိပြီးပါမှ


ငါဟာ (မင်းရဲ.)


အရံလူ ဆိုတာ


အချိန်တွေ လွန်မှ သိလိုက်ရတယ်။

No comments:

Post a Comment