Tuesday 31 January 2012

မိုင်တိုင်

သူ့အကြည့်ရဲရဲရှေ့
ဖြတ်မကူးဝံတယ့်
မော်တော်ကားစုတ်လေးပါ..
နှလုံးသား အင်ဂျင်က
ဖွတ်ချက် ...ဖွတ်ချက်နဲ့
မျော်လင့်ချက် လမ်းလေးက
ကြမ်းလိုက်တာ..
တစ်နာရီ
သတိရမိုင်နှုန်းအတိုင်း
ကိုယ့် ဘ၀ ဒိုင်ခွက်ကလေးက
စိတ်သွားတိုင်းကိုယ် မပါဝူး အချစ်ရာ..

ပြုပြင်ဆဲနှလုံးသား

မင်းကိုစတွေ့ ကတည်းကချစ်ခဲ့ တာပါ ။
ဒီစကားကို မင်းနဲ့ တွေ့ တိုင်းပြောပြချင်နေတယ် ။ ။
ကဗျာသမား စာသမား
မဟုတ်ခဲ့ပေမယ့်
မင်းကြောင့် ...
အချစ်အတွက် ဆရာတစ်ပါးလို
ကဗျာတွေ ငါရေးတတ်နေတယ် ။ ။
မင်းမျက်ကွယ်မှာ
ကြင်နာခြင်းအချို့ ကို ထင်ယောင်ထင်မှားဖြစ်အောင်
ပြခဲ့တာမဟုတ်ပါဘူး ။
ငါ့နှလုံးသားက ခိုင်းစေတယ့်အတိုင်း
ချစ်တယ်ဆိုတယ့် စကားတစ်ခွန်းကြောင့်
ငါတို့ နှစ်ယောက်ဝေးကွာမှာကို ခံနိုင်ရည်ရှိအောင်
နှလုံးသားက ပြုပြင်ဆဲ ပါ ကောင်မလေးရယ် ။ ။

Friday 27 January 2012

ဒဏ်ရာ



မင်းကိုစတွေ့ တုံးက မင်းပြုံခဲ့ တယ့်အပြုံး
ငါ့ အတွက် မဖြစ်ခဲ့ရင်တောင်
ငါပြုံးခဲ့ တယ့် အပြုံးက မင်းအတွက်ရည်ရွယ်ပီးသားပါ ။ ။
ငါ့ မျက်ဝန်းတွေ ကိုမင်းဖတ်နိုင်ခဲ့ မယ်ဆိုရင်
ကမ္ဘာမှာ မင်းမတွေ့ ဖူးတယ့် နှလုံးသားနဲ့ 
မပြောဖူးတယ့်စကား
မရေးဖူးတယ့်စာ
တွယ်တာလွန်းတယ့် သံယောဇဉ်ကြောင့်
ငါ့အတွက် မီးစိမ်းလေးပြခဲ့ ရင်သိပ်ကောင်းမှာပဲ ။ ။
ဒဏ်ရာတခု ကိုဆေးလိမ်းကုသရသလို
မင်းကိုချစ်နေတယ့် ငါ့နှလုံးသား
ချစ်သူမလိုချင်ဘူး ဆိုတယ့်
စကားတစ်ခွန်းကြောင့် မီးနီပြခဲ့ ရင်တောင်
ငါ့အတွက် မင်းပေးတယ့်ဒဏ်ရာကို
မကုသပဲ သိမ်းထားမှာပါ ကောင်မလေး ရယ် ။ ။

Monday 23 January 2012

ကာရံ



ခင်မင်မှုဆိုတယ့် ခေါင်းစဉ်အောက်မှာ
ငါတို့ နှစ်ယောက်သူငယ်ချင်းတွေဖြစ်ခဲ့ တယ်
ကြင်နာမှုဆိုတယ့် ခေါင်းစဉ်အောက်မှာ
ငါတို့ နှစ်ယောက် ချစ်သူတွေပေါ့
ပြသာနာဆိုတယ့် ကိစ္စတစ်ရပ်မှာ
နားလည်မှုမရှိတယ့်မင်း
အလျှော့မပေးတတ်တယ့်ငါ
မာနကြိုးတွေတင်းပြီး
အချစ်ကြိုးတွေ ပျက်လို့ 
လွမ်းခွဲခြင်းဆိုတယ့် ခေါင်းစဉ်အောက်မှာ
ငါတို့ နှစ်ယောက်အတွက်
valentin day က မပတ်သက်တော့ ပါဝူး.ချစ်သူ ရယ်..။.။.။.။

တွေ့ကြမယ့် နေ့လေးတစ်နေ့ဆီသို့

ချစ်ရသူ........

ညဆိုလဲ လွမ်းတယ်...

ခဏဆိုလဲ လွမ်းတယ်...

သို့ပေမယ့်...

တမြေစီအဝေးမှာ

အနေတွေ မနီးခဲ့လဲ...

သစ္စာတွေတိုင်တည်

မေတ္တာတွေ မယိုင်ပါ

နားလည်မှုကို အခြေပြု

ဘ၀တူတူ ထုဆစ်ဖို့

လွမ်းရက်တွေကိုနင်း....

အချစ်တွေထပ်ရင်းကာ

ကျော်ဖြတ်ကြမယ်လေ

တွေ့ဆုံကြမယ့် နေ့တနေ့ဆီသို့....။။

Sunday 15 January 2012

ကောင်လေးအချစ်ကို ငြင်းမယ်ဆိုရင်

ကောင်မလေး တယောက်ကို ကောင်လေး တယောက်က ချစ်မိနေတယ့် အခါ သူ့ ရဲ့ ကြိုးစားမှုတွေဟာ ကောင်မလေး ကို စိတ်ဆင်းရဲအောင် တခုမှ မပါခဲ့ ပါဝူး... ။
ကောင်မလေး က ကောင်လေး ချစ်ရေးဆိုမှာကို
ခေါင်းရှုပ်တယ် ဆိုတယ့် ခံစားမှုနဲ့  ငြင်းပယ်ခဲ့ မယ်ဆိုရင်တောင် အယ်ဒီကောင်လေး အချစ်က ပြောင်းလဲ သွားမယ်ထင်နေလား...မပြောင်းလဲပါဝူး...နောက်တယောက်ပြောင်းချစ်ဆိုရင်တောင်..ပြုပြင်ဆဲ နှလုံးသားနဲ့  ကောင်လေး တယောက်ဟာ ..........ချစ်နေလျက်နဲ့ အသည်းကွဲရသလို တကယ်မချစ်တယ့် အစားထိုး ချစ်နေရမယ့် ကိစ္စ အတွက် ကောင်လေး ရဲ့ နှလုံးသားကို အားနာမိတယ်....။.။
ဒီဒဏ်ရာတွေ သူမပေးခဲ့ ပေမယ့် ကောင်လေး ကျေကျေနပ်နပ်ကြီး ကို သိမ်းဆည်းထားတာပါ..။. အယ်ဒီကောင်မလေး အကြောင်း စဉ်းစားရင် အယ်ဒီကောင်မလေး အတွက် ရူးနေတယ့် ကောင်လေး တယောက် သူ့ ကို သတိရနေတယ်ဆိုတာတောင် သူသိနေရင် ကောင်လေး အတွက် ကြယ်စုံညလေး ကို စောင့်နေတယ်ဆိုတာ ကို အယ်ဒီကောင်မလေး
စဉ်းစားပေးခဲ့ ရင် ......something Happen!.....  

ကောင်မလေးအတွက် ကောင်လေးကဘာလဲ....

ပထမ ဆုံး ချစ်သူများနေ့ မှာ မတော်ရသေးတယ့် ချစ်ရသူနဲ့ ......

အပိယေဟိ သမ္မယောဂေါ ဒုက္ခော
ချစ်သူနဲ့ ကွေ့ကွင်းရခြင်းသည် ဆင်းရဲ၏ ။
ပိယေတိ ၀ိပယောဂေါ ဒုက္ခော
မချစ် မနှစ်သက်သူ နှင့် အတူနေထိုင်ခြင်းသည်ဆင်းရဲ၏ ။

ဒါမျိုး အတွေးတွေ မ၀င်စေနဲ့ လို့ ဆုတောင်းပါတယ်..။.။.။

အချစ် နဲ့ သံယောဇဉ်က မတူပေမယ့် အာဋိသင် တော့ တူပါတယ်..
တန်ရင် ဆေး လွန်ရင်ဘေး ဖြစ်တတ်လို့ ပါ..။.။.။။
အချစ်က ကောင်လေး အတွက်တော့ အဆိပ်တခုလို ဖြစ်နေပီထင်တယ်..။.။.။။

သူငယ်ချင်း..ကောင်မလေး တွေက ကောင်လေး တွေကို ခိုင်းလို့ ကောင်းရင် သူတို့ သူငယ်ချင်းလို ပေါင်းပီး ။
သူတို့ နောက်လို့ ကောင်းရင် လူရွှင်တော်လို သဘောထားတယ် ။
ဒါပေမယ့် သူတို့ အထင်ကြီး လေးစားမှု မရှိတယ့် လူကိုတော့ ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ တွန်းဆုတ်ကြတယ်..
အယ်ဒါကို နင်နားလည် ဖို့ လိုတယ်.။.။.။
ကောင်လေး ကိုယ်တို ကောင်မလေး အတွက် သူငယ်ချင်းလား ? လူရွင်တော်လား ? ဘ၀လက်တွဲဖော်လား ?

ကောင်မလေး

ကောင်မလေး
မဆိုစလောက် ခလေးတစ်ယောက်ရဲ့ အပြစ်
အလစ်ချောင်းတိုက်ခိုက်မှုမျိုးကု
မင်းမို့ လုပ်ရက်တယ် ။
တစ်ဖက်လူ မခံချိမခံသာအောင်
ခပ်လှောင်လှောင် ရယ်သံမျိုးကို
မင်းမို့ ရယ်တတ်တယ် ။
အဝေးတစ်နေရာကနေ စောင့်ကြည့်
မထိတထိ အပြုံးမျိုးကို
မင်းမို့ ပြုံးတတ်တယ် ။..။။။။။

Wednesday 11 January 2012

ပုံပြင်ချစ်သူ

ငါ့ဘ၀မှာ မရနိုင်ခဲ့တဲ့.. မရနိုင်တော့ဘူးလို့ထင်ခဲ့တဲ့

ပျော်ရွှင်မှုမျိုးကို ခံစားခဲ့ဖူးပါတယ်..... ငါလဲ အ၇မ်းကို ကျေနပ်ပါတယ်..

ဒါပေမယ့် ဒီလိုပျော်ရွှင်မှုမျိုးကို ထာဝရဘာလို့မရခဲ့တာလဲ...?

ရင်ထဲမှာ နာကျင်စွာ ခံစားနေရတယ်ဆိုတာ ဘယ်သူမှမသိပေမဲ့...

ငါ့ကိုငါတော့ သိနေတယ်.....။

ညတိုင်းအိပ်ပျက်နေတာ ငါကြာရင် ရူးသွားနိုင်တယ်... ဒါပေမယ့်မတတ်နိုင်ဘူးလေ....

မင်းနဲ့ရှိခဲ့ကတည်းက ငါ့ရဲ့ ပျော်ရွှင်မှုတွေကြောင့် ကဗျာတွေရေးရင် အိပ်ရေးပျက်ခဲ့ဖူးပါတယ်...

ခုလည်းဘာထူးလဲ... နင့်အတွက် ကဗျာတွေရေးရင်းအိပ်ရေးပျက်နေရတယ်လေ...:P

အကြောင်းအရာကတော့ တခုနဲ့တခု မတူနိုင်ဘူးပေါ့... နော် .....

နင်ကဗျာထက် ပုံပြင်ကို ပိုကြိုက်တယ်ဆိုတာ ငါသိပီးသာပါ... ဟာ ....

ပုံပြင်ဆိုတာ အမှန်မှမဟုတ်တာ..... အချစ်ဆိုတာလဲ ပုံပြင်မဟုတ်ဘူးလေ....

ဒါကြောင့် ပုံပြင်မဟုတ်တဲ့ အချစ်ကို နင်ဘာကြောင့်ပုံပြင်လိုသတ်မှတ်ခဲ့တာလဲ.... ဟာ ....။။

Saturday 7 January 2012

ကဗျာ

ကဗျာတွေကတော့ ခံစားမှုပါသက်သက်ပါ...

ကဗျာဟာ အကြောင်းအရာတခုနဲ့တခု.. တစုံတယောက်နဲ့တယောက်..

အပေါ်ကို အခြေခံထားပီး ဖွဲ့ဆိုထားတာပါ...

ကဗျာကိုဖတ်ရင်းနဲ့ ကဗျာရေးသူရဲ့ နှလုံးသားကိုသိနိုင်ပါတယ်...

ကဗျာဟာ စိတ်ကူးယဉ်မဆန်ပါဘူး.... နှလုံးသားတာ စိတ်ကူးယဉ်ဆန်တာပါ...

စိတ်ကူးယဉ်ဆန်တဲ့ နှလုံးသားကို ထိန်းကြောင်းပေးနိုင်တဲ့ ဦးနှောက်မှာ

မှန်ကန်တဲ့အကြောင်းအရာတွေကိုသာ မှတ်သားထားဖို့လိုတာပါ....

စကားတချို့ဟာပြောပြနေရင် ပြောနေတဲ့သူတာရူးတယ်လို့ထင်မှာပ

ဒါပေမယ့်လည်းငါရူးပါရစေ.... ထာဝရရူးပါရစေ..

Wednesday 4 January 2012

ချစ်ရသူရယ်

ချစ်သူ…
နိုက်တင်ဂေးလ် ငှက်ငယ်ရဲ့
တေးသံကျူးရင့်သံက
သာယာလှပတယ်လို့ လူတွေပြောကြတယ်…
ကိုယ့်အတွက်ကတော့ …
မင်းရဲ့ အသံထပ် ချိုသာမယ် မထင်ဘူး….

ချစ်သူ….
ညတစ်ညရဲ့ အလှအပက
ကြယ်တွေရဲ့ အလင်းစက်ကြောင့်ဆိုရင်
ကိုယ့်ရဲ့ ညမိုက်ကလည်း
မင်းရဲ့ အလင်းစက်ကြောင့် လှပနေခဲ့ပါတယ်….

ချစ်သူ….
လောကသဘာဝ ဆိုတာက
စိမ်းစိုနေမှ လန်းဆန်းတက်ကြွနေတယ် ဆိုရင်
ကိုယ့်ရဲ့ လောကနယ်ပယ်လေးကလည်း
မင်းကြောင့် စိမ်းစို လန်းဆန်းနေတယ်……

ချစ်သူ…
ခြောက်သွေ့နေတဲ့ သစ်ပင်တွေက
မိုးစက်ခုန်ဆင်းလို့ မြူးတူးကြတယ် ဆိုရင်
ကိုယ့် နှလုံးသား သစ်ပင်လေးကလည်း
မင်းရဲ့ အချစ်မိုးစက်တွေကြောင့် မြူးတူးခဲ့တယ်….

ချစ်သူ…..
ကိုယ့်ရဲ့ အချစ် အမုန်း ခံစားချက်
အရာအားလုံးကို မင်းပဲ သိမ်းပိုက်ထားတယ်
အဲဒါကြောင့်….
စိတ်နှလုံးကို မင်းဆီမှာပဲ အကျဉ်းချလိုက်ပါတယ်
မင်းစိတ်စေရာ နေပါမယ်…....

အိမ်မက်တစ်ပိုဒ်တဲ့လား???

ငါဟာနင့်အတွက် အိမ်မက်တပုဒ်တဲ့လား ……..

ဟုတ်ပါတယ် နင်ဘယ်တော့မှ မမက်ပဲချောင်ထိုးခံထားရတဲ့ အိမ်မက်တပုဒ်ပါ…..

နင့်အိပ်မက်တွေထဲကနေ ငါ့ကိုတိတ်တိတ်လေးဆွဲထုတ်လိုက်ပ

…… ငါ….. ….

မသိချင်ယောင်ဆောင်နေပေးပါ့မယ်….

ကံကြမ္မာရယ်………..
ငါတို့ ၂ ယောက်ရဲ့ ဆုံနိုင်ခွင့်ကို ဘယ်ဘက်လက်ထဲမှာဝှက်ထားခဲ့တာလဲ…..

လွဲချော်တိုင်း အပြစ်ဖို့ခံရတဲ့ ကံကြမ္မာတောင် အခန်းထောင့်မှာသိမ်ငယ်စွာနဲ့ ငိုကြွေးနေရပြီ ချစ်သူရယ်.

ငါ့ဆီ ပြန်လာခဲ့ပါ..

နင့်အတွက်ငါ့ဘ၀ကိုအလှပဆုံးကပြဖျော်ဖြေပေးပါရစေချစ်သူရယ်။။

Monday 2 January 2012

လက်ကျန် အိမ်မက်

ဇတ်လမ်းတစ်ခုပြီးဆုံးသွားပြီလား
လေးနက်ခြင်းတွေနဲ့အစပျိုးခဲ့သမျ
ပေါ့ပျက်ပျက်နဲ့ဆုံးသတ်တောမှာလား.
လွမ်းဆွေးတယ်ဆိုတာ
ကောင်းကင်က နေတစ်စင်းပါ..
တစ်ခါတစ်ခါပျော်ရွင်မူအတွက်
ငါအိပ်မက်တွေဆီကိုတော...
နင်အလည်လာခွင်ရှိပါသေးတယ်

ခက်ခဲ့ပုစ္ဆာတစ်ပုဒ်ကို
အဖြေ ထွက်အောင်တွက်လိုရချင်ရမယ်
နင်ဘာလိုရက်စက်သွားတာလဲဆိုတာ
အခုချိန်ထိငါမေးခွန်းထုတ်လိုမရဘူး
ကံကြမ္မာအားနည်းခဲ့လို့
ငါဘ၀ထဲ့မလာချင်တာဆိုလက်ခံပါတယ်
မနက်ဖြန် ဆိုတာတွေဆင်ဆာဖျက်ထားတော့
ငါ့ရင်နာရခက်တယ်။

'' ငါအတွက်အမြဲရှိနေမယ်ဆို''
ဘာဖြစ်လိုလက်ခံပေးဖိုတောင်
အင်အားမရှိရတာလဲကိုယ်တိုင်
သရုပ်ဆောင်လိုက်ရတဲ့
ဇတ်ကားတစ်ခုနင့်ဇတ်လမ်းတွေက
ငါလက်ဖျားခါလောက်အောင်တော်လွန်းတယ်....။
..........................
.............................
နင်တော်လွန်းပါတယ်...။

'' အရမ်းချစ်ပါတယ်ဆိုတဲ့စကားတစ်ခွန်း''
င့ါအတွက်မြားတစ်စင်းလို....
ပစ်ခွင်းဖို့အဆိပ်လူးခဲ့တာလား
နင်ပေးတဲ့အချစ်ကဆေးတစ်ခွက်လို
မော့သောက်ပြီးမှာအဆိပ်မှန်းသိခဲ
ဒါပေမယ့်.......*****
အစိမ်းသက်သက် မျိုချ ခဲ့တာပါ . ...< L.L.T >

အဆုံးသတ်သွားပြီလား
မျော်လင့်ချက်တွေခါးကျိုးသွားပါပြီ
အချစ်တစ်ခုထဲ့ပိုင်ဆိုင်တဲ့ငါ
နှလုံးသားရှေးရေးအတွက်
မရင့်ကျက်သေးတဲ့ ပင့်သက်တွေနဲ့ပဲ
နင့်နေအောင်လွမ်းမယ် ... ...။။