Friday 27 January 2012

ဒဏ်ရာ



မင်းကိုစတွေ့ တုံးက မင်းပြုံခဲ့ တယ့်အပြုံး
ငါ့ အတွက် မဖြစ်ခဲ့ရင်တောင်
ငါပြုံးခဲ့ တယ့် အပြုံးက မင်းအတွက်ရည်ရွယ်ပီးသားပါ ။ ။
ငါ့ မျက်ဝန်းတွေ ကိုမင်းဖတ်နိုင်ခဲ့ မယ်ဆိုရင်
ကမ္ဘာမှာ မင်းမတွေ့ ဖူးတယ့် နှလုံးသားနဲ့ 
မပြောဖူးတယ့်စကား
မရေးဖူးတယ့်စာ
တွယ်တာလွန်းတယ့် သံယောဇဉ်ကြောင့်
ငါ့အတွက် မီးစိမ်းလေးပြခဲ့ ရင်သိပ်ကောင်းမှာပဲ ။ ။
ဒဏ်ရာတခု ကိုဆေးလိမ်းကုသရသလို
မင်းကိုချစ်နေတယ့် ငါ့နှလုံးသား
ချစ်သူမလိုချင်ဘူး ဆိုတယ့်
စကားတစ်ခွန်းကြောင့် မီးနီပြခဲ့ ရင်တောင်
ငါ့အတွက် မင်းပေးတယ့်ဒဏ်ရာကို
မကုသပဲ သိမ်းထားမှာပါ ကောင်မလေး ရယ် ။ ။

No comments:

Post a Comment