Wednesday 4 January 2012

ချစ်ရသူရယ်

ချစ်သူ…
နိုက်တင်ဂေးလ် ငှက်ငယ်ရဲ့
တေးသံကျူးရင့်သံက
သာယာလှပတယ်လို့ လူတွေပြောကြတယ်…
ကိုယ့်အတွက်ကတော့ …
မင်းရဲ့ အသံထပ် ချိုသာမယ် မထင်ဘူး….

ချစ်သူ….
ညတစ်ညရဲ့ အလှအပက
ကြယ်တွေရဲ့ အလင်းစက်ကြောင့်ဆိုရင်
ကိုယ့်ရဲ့ ညမိုက်ကလည်း
မင်းရဲ့ အလင်းစက်ကြောင့် လှပနေခဲ့ပါတယ်….

ချစ်သူ….
လောကသဘာဝ ဆိုတာက
စိမ်းစိုနေမှ လန်းဆန်းတက်ကြွနေတယ် ဆိုရင်
ကိုယ့်ရဲ့ လောကနယ်ပယ်လေးကလည်း
မင်းကြောင့် စိမ်းစို လန်းဆန်းနေတယ်……

ချစ်သူ…
ခြောက်သွေ့နေတဲ့ သစ်ပင်တွေက
မိုးစက်ခုန်ဆင်းလို့ မြူးတူးကြတယ် ဆိုရင်
ကိုယ့် နှလုံးသား သစ်ပင်လေးကလည်း
မင်းရဲ့ အချစ်မိုးစက်တွေကြောင့် မြူးတူးခဲ့တယ်….

ချစ်သူ…..
ကိုယ့်ရဲ့ အချစ် အမုန်း ခံစားချက်
အရာအားလုံးကို မင်းပဲ သိမ်းပိုက်ထားတယ်
အဲဒါကြောင့်….
စိတ်နှလုံးကို မင်းဆီမှာပဲ အကျဉ်းချလိုက်ပါတယ်
မင်းစိတ်စေရာ နေပါမယ်…....

No comments:

Post a Comment