Tuesday 31 January 2012

ပြုပြင်ဆဲနှလုံးသား

မင်းကိုစတွေ့ ကတည်းကချစ်ခဲ့ တာပါ ။
ဒီစကားကို မင်းနဲ့ တွေ့ တိုင်းပြောပြချင်နေတယ် ။ ။
ကဗျာသမား စာသမား
မဟုတ်ခဲ့ပေမယ့်
မင်းကြောင့် ...
အချစ်အတွက် ဆရာတစ်ပါးလို
ကဗျာတွေ ငါရေးတတ်နေတယ် ။ ။
မင်းမျက်ကွယ်မှာ
ကြင်နာခြင်းအချို့ ကို ထင်ယောင်ထင်မှားဖြစ်အောင်
ပြခဲ့တာမဟုတ်ပါဘူး ။
ငါ့နှလုံးသားက ခိုင်းစေတယ့်အတိုင်း
ချစ်တယ်ဆိုတယ့် စကားတစ်ခွန်းကြောင့်
ငါတို့ နှစ်ယောက်ဝေးကွာမှာကို ခံနိုင်ရည်ရှိအောင်
နှလုံးသားက ပြုပြင်ဆဲ ပါ ကောင်မလေးရယ် ။ ။

No comments:

Post a Comment