Saturday 31 December 2011

မာယာရှင်သို့ ပေးစာ

နေကောင်းကျန်းမာစိတ်ချမ်းသာဖို့
ဆုတောင်းပေးပါတယ်....။
ယုံကြည်မူအပြည်နဲ့အနာဂတ်ကိုပဲ
ရွက်လွင့်သွားပါ....။
ဆုတောင်းမကောင်းခဲ့တဲ့ငါနဲ့ပတ်သက်တဲ့
အတိတ်ကြောင်းကိုလှည်မကြည်ပါနဲ့။
နင့်ငါကိုတစ်ကယ်ထားခဲ့ပြီမို့လာ
အပြစ်လည်းမလုပ်ခဲ့ဘဲနဲ့
ငါ့ရင်ဝမှာဓားတစ်ချောင်းစိုက်နေတယ်။
ကြင်နာကုသမူအတွက်င့ါမမျော်လင့်ရဲပါဘူး..
ဝေဒနာတစ်စက်စက်မို့
တမလွန်ဘ၀ရောက်အောင်ပိုပေးဖို့
တောင်းဆိုပါရစေ...။
အခုတစ်လော facebook မှာနင်မျက်နှာကို
မြင်တွေနေရတဲ့ငါအတွက်...
ထာဝရဆိုတဲ့..စကားလုံးတွေက
ရင်ဘက်ကိုခဏခဏကမ်းကပ်တယ်
တစ်ကယ်ဆို....
လမ်းတစ်ဖက်မှာငါတစ်ယောက်တည်း ...။။

အသဲကွဲ ကောင်လေး

တစ်ယောက်ကတစ်ယောက်ရင်ထဲ့ကို
မြင်မယ်လိုထင်ထားခဲ့တာ
တမင်ထားခဲ့မှ
ငါရင်ဝမှာဓားစိုက်မှန်းသိရတော့တယ်...။

စိတ်ကူးအကြီးစားတွေက
ဒဏ်ရာအပြင်းစားဖြစ်သွားတယ်
ဘယ်အရာကိုမျော်လင့်ရတော့မလဲ
အစဉ်သာနင်တစ်ယောက်ပဲဆိုတဲ့
ဒီရင်ခွင်...
အခုဘာကိုမှမလိုချင်တောဘူးးး

ကံကြမ္မာအားနည်းခဲ့လို
အဖန်ငါးရာငါးကမ္ဘာထဲ့ဝင်ဖို
ငါစဉ်စားထားတယ်...
သံသရာကတင့်တဲ့အကြွေးတွေ
ဒီဘ၀နဲကျေစေချင်တယ်...

ကံကြမ္မာဝရ်ကြွေးများ ကြေပါစေတော့
ဝရ်ကြွေးများမကျေရင်လည်း
ဒီရင်ဘတ်နဲ့လူ
မြန်မြန်သေပါစေသော်.... ...။။။

ဟိုး..............အကြာကြီး

အကြာကြီး ခွဲထားရဦးမယ်

မပြည့်စုံသေးတဲ့.......ဘ၀တွေအတွက်

အတောင်အလက် စုံအောင်

ဖြစ်လာဖို့ အချိန်အထိ

အကြာကြီး ခွဲထားရဦးမယ်

နှစ်ကိုယ်တူ ရည်မှန်းထားတဲ့...အခြေအနေတစ်ခုကို

အရွယ်မလွန်မီ တည်ဆောက်နိင်ဖို့

အကြာကြီး ခွဲထားရဦးမယ်

ဘ၀ရဲ့ အပူဒဏ်ဟာ...သူမနဲ့

မဆိုင်သလို နေဖို့

အကြာကြီး ခွဲထားရဦးမယ်

သူမရဲ့....အပြုံးတွေ

ထာဝရ အေးမြနိင်ဖို့

တစ်ကယ်ကို

အကြာကြီးဆိုတဲ့စကားလုံတွေမှာ

ကျွန်တော်အလွမ်းတွေကို

ဘယ်လိုစိတ်နဲဖြေသိမ်ရမလဲဟင်

ကျွန်တော်အကြာကြီးမပြောနဲ

အခုတောင်

တော်တော်လွမ်းနေပြီ...။။။

ပြန်လာပါတော့ ချစ်သူရယ်..

လွမ်းတယ်..........
အချိန်တွေနေရက်တွေပြောင်းသွားပါစေ
မင်းပြန်လာမယ်ဆိုတဲ့မျှော်လင်ချက်တွေ
ရင်ထဲမှာအပြည့် ရှိတယ်မင်းပြန်လာမှာလားလို့ 
မင်းအနားကိုရောက်လာပြိး ကိုယ်တိုင်မေးခွင့် မရတော့ဘ၀မှာ
မင်းပြန်လာပါလို့ ဘုရားမှာဆုတောင်းနေတယ်
ကြယ်တွေကြွေလည်းဆုတောင်းနေမိတယ်
မင်းကိုလွမ်းနေတယ်
အရင်ကဆို ငါကိုလူတစ်ချို့ ကဆုတောင်းပေးဘူးတယ်
နင်အချစ်ကိုတွေရင် ၀ဋ်မလိုက်ပါစေနဲ့လို့ ပေါ့
ငါအမြဲတမ်း မယုံကြည်ခဲ့ဘူး
ယုံကြည်နေတဲ့ အချိန်ကြတော့ ငါ.........
ငိုနေခဲ့ရပြိး မင်းသိမှာလား
မင်းကငါအတွက်အမှတ်တရတွေထားခဲ့ပေးတယ်
မင်းနဲ့မတွေဖြစ်ခဲ့ ရက်တွေမှာဆို ဖုန်းဆက်ရင်
မင်းအသံလေးကိုကြားရင်ငါအလွမ်းဖြေလို့ ရတယ်
အခုဆို မင်း အသံလေးကိုတောင်
မကြားရတော့ဘူးနော် ချစ်သူ.............။

ဖေဖော်ဝါရီ....၁၃

ဘယ်သူကအလွမ်းကဗျာတွေသီကုံးချင်မှာလဲ
အဆုံးစီရင်သွားတဲ့ပုဂ္ဂိုလ်တစ်ချိုကို
လေးစားပါတယ်.....
ငါ့သူတိုလောက်မပြတ်သားနိုင်ဘူးေ

ပြောင်းလဲ့တတ်တဲ့ကံကြမ္မာ
ကွေကောက်လွန်းတဲ့ဘ၀သံသရာရယ်
မဖြစ်နိုင်တဲ့ဇတ်ကားမှာသရုပ်ဆောင်ခဲ့တဲ့ငါကို
ဘာလိုအကယ်ဒမီပေးချင်ရတာလဲ...
တစ်ကယ်ဆိုငါက
ဝတ်ကျေတန်းကျေလွမ်းတတ်တဲ့
လူတစ်ယောက်ပါ.....။

ငါပတ်ဝန်းကျင်ကလူတစ်ချိုကို
တောင်းပန်ပါတယ်...။
ချစ်သူကဗီလိန်မဟုတ်ပါဘူး
ငါကသာ
စိုစွတ်တတ်လွန်းခဲ့တာပါ
င့ါ့ကြောင့်.....
သူမိုးမီမှာကိုပဲစိုးရိမ်တယ်။

တစ်ကယ်ဆိုသူ့အိပ်မက်တစ်ချိုကိုတောင်
ငါမပိုင်ဆိုင်သင့်ခဲ့ဘူး
တစ်သက်လုံးရူံးနိမ့်လာခဲ့တဲ့ကောင်
"ဇ" နဲချီပြီးနိုင်တော့လည်း
အလွမ်းတွေကိုထမ်းပိုးလို
မျက်ရည်မိုးတွေပဲရွာချခဲ့ရတယ်

ငါ့မျော်ခြင်းတွေကိုလည်း အားနာပါတယ်
သူတိုကို ငါအလိုမလိုက်နိုင်ခဲ့ဘူး....။

ေ၀၀ါးသွားတဲ့အတိတ်တွေရေ....
အဆိပ်သင့်အိပ်မက်တွေမက်ခဲ့ရလို
တိတ်တိတ်လေးကြိတ်မငိုပါနဲ့
မင်းတိုနဲ့ငါ
ဆိတ်ဆိတ်လေးလွမ်းနေရအောင်ကွာ...

ဖော်ဖ၀ါရီ၁၃တဲ့
ဘ၀တစ်ခုလုံးဆုံးရူံးသွားခဲ့တယ်....။

သို့...........

နင်နေကောင်းလား..
လောကကြီးမှာငါရှင်သန်နေသမျှ
နင်သတင်းလေးတော့ကြားချင်လိုပါ..
ကျန်းမာရေးကိုဂရုစိုက်နော်
ချူချာတတ်တဲ့..နင်ကို
စိတ်မချဘူး.....။
မှတ်မိသေးရဲ့လား ငါကို
နေရက်တွေပြောင်းတဲ့အခါ
သူငယ်ချင်းအသစ်တွေရတဲ့အခါ
အကြင်နာတွေပိုခဲ့ဘူးတဲ့ကောင်လေးတစ်ယောက်ကို
နင်မေ့သွားမှာစိုးတယ်...။
ကတိတွေ။သစ္စာတွေ
ထပ်ကာထပ်ကာပေးခဲ့ဘူးလည်း
ရည်ရွယ်ရာငါမဟုတ်တော့ရင်
စိတ်ရူပ်စရာတွေလိုနင်ထင်လာမှာကု
ငါကြိုမြင်တဲ့အခါ....
အခုလို..
ငါငြိမ်ငြိမ်လေးနေပေးပါမယ်..။
မနေကနဲ့ဒီနေဆိုတဲ့
အချိန်သာပြောင်းသွားတယ်
နင်ပြန်လာမယ့်
မနက်ဖြန်တိုင်း..ငါမျော်နေတာ
နင်သိရဲ့လား....
"ငါဘယ်လောက်ချစ်တယ်ဆိုတာ"
အချိန်တွေကြာလာတဲ့တစ်နေ
ငါစကားတွေနင်ရင်မှာ
အရင်လိုခိုဝင်သေးရဲ့လား
ငါအသံတွေကိုရော
အရင်လို.....
သာယာသေးရဲ့လား
ငါမရှိတဲ့အချိန်တွေမှာ
နင်အရင်လို..
လွမ်းတတ်သေးရဲ့လား....။

ငါလေအခုနင်ဆီက အဆင်ပြေတယ်ဆိုတဲ့စကားလေး တစ်ခွန်းတည်းကြားချင်တာပါ
"နင်အဆင်ပြေရဲ့လား"

နာကျင်ခြင်း..

ငါ..လမ်းတွေ..
မဖြောင်ဖြူးတောဘူး..ချစ်သူ
နင့်...ထားခဲ့တဲ့ညတိုင်းမှာ
ငါ..တစ်ယောက်တည်း
ဘယ်လောက်အထီးကျန်တယ်ဆိုတာ
နင်လည်းသိတယ်..
ငါကိုယ်တိုင်လည်း...ခံစားရတယ်
.............................
အဖြစ်ပျက်တွေက...
တရားခံမရှိဘဲ....
ငါတိုနှစ်ယောက်
ဘာကြောင့်..
အလွမ်းတွေထမ်းပိုထားရတာလဲ..
ကံကြမ္မာနဲ့အခွင်ရေးက..
သနားတတ်မယ်ဆိုရင့်..
ငါမျက်ဝန်းတွေ..
ဘယ်မှာစိုစွတ်ပါမလဲ့...
ခုတော့...
ငါနှလုံးသားတွေ..နာကျင်နေပြီချစ်သူရယ်
အထူးသဖြင့်..
ငါနားမှာ...နင်မရှိတဲ့အချိန်တွေပေါ...။

ထားရစ်ခဲ့သူ


ချစ်သူရယ်

နင့်ဘက်ကငါ့ကိုထားသွားခဲ့ပေမဲ့

ငါဘက်ကတော့နင့်ကိုမမေ့နိုင်ခဲ့ပါဘူး

နင်အဖြေပေးခဲ့တဲ့ချစ်တယ်ဆိုတဲ့စကားကို

ငါဘက်ကအမြတ်တနိုးတန်ဖိုးထားခဲ့ပေမဲ့

နင့်ဘက်ကအပျော်သဘောဆိုပြီး

လွယ်လွယ်လေးပေးခဲ့တာလားကွာ....

တကယ်တော့နင့်ရဲ့ အချစ်တွေကိုယုံလွယ်ခဲ့တဲ့

ငါ့ကိုငါဘဲအပြစ်တင်ပါတော့မယ်

အခုချိန်ကစပြီး နင့်ကိုချစ်တဲ့ငါရဲ့ အချစ်တွေကို

ငါ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာလေးမှာ

သော့ခတ်သိမ်းထားလိုက်ပါပြီ......

တချိန်ချိန်မှာနင့်ဘက်ကသာ

ငါ့ရင်ခွင်ထဲကိုပြန်လာခဲ့မယ်ဆိုရင်

ခွင်လွှတ်ခြင်းတွေနဲ့ အတူငါ့ရင်ခွင်က

နင့်ကိုအမြဲတမ်းကြိုဆိုနေတယ်ဆိုတာ

နင်ယုံကြည်လိုက်ပါကွာ........