Saturday 31 December 2011

ထားရစ်ခဲ့သူ


ချစ်သူရယ်

နင့်ဘက်ကငါ့ကိုထားသွားခဲ့ပေမဲ့

ငါဘက်ကတော့နင့်ကိုမမေ့နိုင်ခဲ့ပါဘူး

နင်အဖြေပေးခဲ့တဲ့ချစ်တယ်ဆိုတဲ့စကားကို

ငါဘက်ကအမြတ်တနိုးတန်ဖိုးထားခဲ့ပေမဲ့

နင့်ဘက်ကအပျော်သဘောဆိုပြီး

လွယ်လွယ်လေးပေးခဲ့တာလားကွာ....

တကယ်တော့နင့်ရဲ့ အချစ်တွေကိုယုံလွယ်ခဲ့တဲ့

ငါ့ကိုငါဘဲအပြစ်တင်ပါတော့မယ်

အခုချိန်ကစပြီး နင့်ကိုချစ်တဲ့ငါရဲ့ အချစ်တွေကို

ငါ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာလေးမှာ

သော့ခတ်သိမ်းထားလိုက်ပါပြီ......

တချိန်ချိန်မှာနင့်ဘက်ကသာ

ငါ့ရင်ခွင်ထဲကိုပြန်လာခဲ့မယ်ဆိုရင်

ခွင်လွှတ်ခြင်းတွေနဲ့ အတူငါ့ရင်ခွင်က

နင့်ကိုအမြဲတမ်းကြိုဆိုနေတယ်ဆိုတာ

နင်ယုံကြည်လိုက်ပါကွာ........

No comments:

Post a Comment