နုတ်မရတဲ့ဆူးလိုပါပဲလား
တွေ့ရပြန်ပြီ
တခဏ အတွင်းရင်တွင်းဖြစ်ရပ်
မငြိမ်မသက် ငါ့ရင်ခုန်သံ
ကြားနေရသည် ။
သူနဲ့ တွေ့ခိုက်
ချစ်နေရသည့် ငါ့နှလုံးသား
အပြစ်ကင်းစင် မျက်ရည်လွှမ်းမိုး
မယာများအောက် ကျန်ရစ်ခဲ့သည် ။
ဒဏ်ရာ ဆွေးကြောင့်
တွေဝေနေချိန် ငါလွမ်းခဲ့သည့်
ပျော်ရွှင်နေ့ရက် မေ့ပျောက်ကုန်ရန်
ငါ မည်သို့စွမ်းဆောင်ရမည်နည်း ။ ။
No comments:
Post a Comment