Saturday 5 May 2012

ထွက်ခွာသွားသူ

မမျော်လင့်သော အဖြစ်အပျက်
စိတ်မကူးမိသော အခြေအနေ
မဖြစ်နိုင်ဘူးလို့ ထင်သော
အနေအထားတွေ အားလုံးဟာ
အခုတော့ ဖြစ်လာခဲ့ပီး

ကျောခိုင်းတဲ့ သူ
ရက်စက်စွန့်ခွာ သွားလည်း
ပြန်လာမယ့် နေရက်ကို
ငါ မျော့်လင့်နေမိသေးတယ်

ပြန်လာမယ့်လမ်းက
ခြောက်သွေ့နေပေမယ့်
ငါ့ အတွက်ကတော့
အမြဲတမ်း စိမ်စိုနေတဲ့ လမ်းလေးပါ

အထင်လွဲမူတွေ ပြေတဲ့တစ်နေ့
အရာရာတိုင်းဟာ အရင်အတိုင်းပါ
ငါ့ ဘေးမှာ နင်မရှိလည်း
နင်ရှိနေသလိုပါပဲ
ထွက်ခွာသွားသူရေ။

No comments:

Post a Comment