Saturday 5 May 2012

စူးခနဲ

မနာကျင်ပါဘူး ....
ချစ်သူပေးတဲ့ ဒဏ်ရာပဲ
တယုတယ ထွေးပွေ့တတ်ပါတယ်...

နစ်နာတယ် မတွေးပါဘူး...

ချစ်သူပေးတဲ့ ရက်စက်မှုပဲ
ငါစွဲစွဲမက်မက် ဖက်တွယ်မိပါတယ်...

အနိုင်ရတဲ့ နင်က ဘာလို့ငိုနေတာလဲ?
နင့်မျက်ရည်ကို မြင်ရတော့ ...
ငါအသည်းတွေ တစ်စစီပဲ
စူးခနဲ…ရင်ဘတ်ထဲက နာတယ်
ချစ်သူရယ်

1 comment: