Thursday 16 August 2012

နင်အတွက် ထာဝရ

ငါရဲ့  ဂန္ထဝင် မမြောက်တဲ့ သံစဉ်တွေနဲ့ 
နင်မလွမ်းလောက်ဘူးဆိုတာ ငါသိပါတယ်
ခံစားရတာ ငါပါ
ကြေကွဲရတာ ငါပါ
နာကျင်စွာ ခံစားခဲ့၇တာ ငါပါ
နင်က ရက်စက်စွာ မုန်းသွားပေမဲ့
နင်ကို မမုန်းတမ်းဆက်ချစ်နေတာ ငါပါ
ငါ ဘယ်လောက်ချစ်တာ နင်သိလျှက်နဲ့ 
ငါ့ကို ရက်စက်စွာ ဘာကြောင့် မုန်းသွားခဲ့တာလဲ ချစ်သူ
အပြစ်မယူရက် နင်ကို
ချစ်ခင်တွယ်တာနေတာ ငါနှလုံးသားက
နင့်အတွက် အမြဲ ထာဝရ ရှင်သန်နေတာပါ

No comments:

Post a Comment