Friday 6 April 2012

ယုံပေးပါ ကောင်မလေး

ကောင်မလေးရယ် ငါနဲ့တွေတိုင်း
နင်ပြုံးပြတက်တဲ့ မဲ့ပြုံးကိုလည်း
ငါဖတ်တက်ပါတယ်။
ငါနဲ့ဆုံတိုင်း ရှောင်ရှောင်သွားတက်တဲ့
နင့်ကို ငါနားလည်ပါတယ်။။
ငါကိုမြင်တိုင်း မျက်စောင်းထိုးတက်တဲ့
နင်မျက်စောင်းတွေကိုလည်း
ငါရှောင်ဖယ်လို့မရနိုင်ပါဘူး။
နင်မလိုချင်တဲ့ သဘောမကျတဲ့
ငါကလည်း နင်ကိုမှ
ရူးရူးမူးမူး ချစ်နေမိတယ်ဟာ..။
နင့်အမုန်းတွေကို ငါ
မသိချင်ယောင်ဆောင်ပြီးတော့
နင့်ကိုငါအမြဲချစ်နေတယ်ဆိုတာ
ယုံပေးပါလား ကောင်မလေးရယ်။။။

No comments:

Post a Comment