Monday, 16 April 2012

မိမိချစ်တဲ့သူဆီက မျှော်လင့်တဲ့ အရာ

လူတိုင်း မိမိချစ်တဲ့သူဆီက မျှော်လင့်တဲ့ အရာ ၂၀မျိုးပါ...
၁။ ပွင့်လင်းမှုရှိခြင်း
၂။ အလျော့ပေးလိုက်လျောခြင်း
၃။ သည်းခံနိုင်ခြင်း
၎။ ခွင့်လွှတ်ခြင်း
၅။ စာနာနိုင်ခြင်း
၆။ ဂရုစိုက်ခြင်း
၇။ ကူညီဖေးမခြင်း
၈။ အချိန်ပေးနိုင်ခြင်း
၉။ နှလုံးသားကို နာကျင်အောင် မပြုလုပ်ခြင်း
၁၀။ လမ်းခွဲစကားကို လွယ်လွယ်မပြောဆိုခြင်း
၁၁။ ကာကွယ်ပေးနိုင်ခြင်း
၁၂။ ချီးမွမ်းပြောဆိုခြင်း
၁၃။ ရယ်မောပျော်ရွှင်စေခြင်း
၁၄။ စိတ်ဆိုးနေသော်လည်း အဆက်အသွယ် မဖြတ်ခြင်း၊ မပြတ်ခြင်း
၁၅။ နားလည်မှု----သဘောထားကြီးမှု
၁၆။ ယုံကြည်မှု----သစ္စာရှိမှု
၁၇။ မြတ်နိုးမှု---တန်ဖိုးထားမှု
၁၈။ ယုယမှု---ကြင်နာမှု
၁၉။ ဦးစားပေး----လေးစားမှု
၂၀။ ခိုင်မာမှု---တည်ကြည်မှု။ တို့ပဲဖြစ်ပါတယ်

Friday, 6 April 2012

ချစ်သူ

ရယူခြင်းမဟုတ်တဲ့
ပေးဆပ်ခြင်းဖြင့်သာရှင်သန်ပါရစေ
ချစ်သူ...
လွမ်းဆွတ်မှုတွေနဲ့
မောဟိုက်နေတဲ့ ရင်ခွင်ကို
တစ်စစီဖြစ်အောင် ထပ်မလုပ်ပါနဲ့တော့
ခံနိုင်ရည်မရှိတော့လို့ပါကွာ...။။။

မင်းအချစ်

အပြောင်းအလဲမြန်ပြီး
မျက်နှာများတတ်တဲ့
မင်းအချစ်တွေကို လက်ခံခဲ့ပေမဲ့
အရမ်းကိုကြောက်နေမိတယ် ချစ်သူရာ...
မင်းပြောင်းလဲသွားမှာကိုပေါ့
ပထမဆုံး အချစ်မဟုတ်ခဲ့တဲ့ငါဟာ
နောက်ဆုံးအချစ်တော့ဖြစ်ပါရစေ ချစ်သူ...
ငါ့ရဲ့နောက်ဆုံး ထွက်သက်ထိပေါ့။။။။။