Thursday, 16 August 2012

ကဗျာတွေနဲ့ငါ

ငါတစ်ယောက်ထဲ ကဗျာတွေရေပြီး
ညအခါ လသာအချိန်လေး
တစ်ယောက်ထဲ အဆွေးတွေနဲ့ ပေါ့
အထီကျန် အဖော်မဲ့ ဘဝနဲ့ 
အနားမှာ မင်းမရှိတောတဲ့ နောက်
သာယာခြင်းဆိုတာ ဘယ်မှာလဲ
ပျော်ရွှင်ခြင်းဆိုတာ ဘယ်မှာလဲ
ငါတစ်ယောက်ထဲ တွေးဆွေးနေခဲ့တယ်
အခုတော ငါ အပျော်တွေနဲ
ရင်ဝယ်ပိုက် ပျော်စရာခရီးကိုသာ
ငါသွားတောမယ် ချစ်သူ
ငါဘဝရဲ့  ပျော်စရာ ကမ္ဘာလေးနဲ့ 
အလွမ်းတွေရှိလဲ ရောစပ်ပြီး
ကဗျာတွေ ဆက်ရေးနေတော့ မယ်
ချစ်သူ

ဘာရယ်တော့ မဟုတ်ပါဘူး

ဘာရယ်တော့မဟုတ်ပါဘူးတစ်ခါတစ်ခါတွေးမိတာပါ
နင်များပြန်လာမလားလို့ပေါ့
ဘာရယ်တော့မဟုတ်ပါဘူး တစ်ခါတစ်ခါဖုန်းမြည်သံကိုနားစွန့်မိတယ်
နင်များဖုန်းဆက်မလားလို့ပေါ့
ဘာရယ်တော့မဟုတ်ပါဘူး တစ်ခါတစ်ခါမော်နီတာကိုကြည့်ရင်းငိုင်နေမိတယ်
နင်များတက်လာမလားဆိုပြီတော့ပေါ့
ဘာရယ်တော့မဟုတ်ပါဘူး တစ်ခါတစ်ခါ.........
...........................................။

တစ်ခါ ဆိုတာနဲ့ တစ်ခါ ပေါင်းစပ်လို့
တစ်စထက်တစ်စတိုးပွားလို့များပြားလာတဲ့
ငါ့အလွမ်းစိတ်ကို အခန်းထဲမှာတိတ်တိတ်လေးနဲ့
ခံစားလို့နေ့စဉ်လက်ချိုးပြီးနင်ပြန်လာမယ့်ရက်ကိုမျှော်နေမိတယ်ဟာ။

နင်အတွက် ထာဝရ

ငါရဲ့  ဂန္ထဝင် မမြောက်တဲ့ သံစဉ်တွေနဲ့ 
နင်မလွမ်းလောက်ဘူးဆိုတာ ငါသိပါတယ်
ခံစားရတာ ငါပါ
ကြေကွဲရတာ ငါပါ
နာကျင်စွာ ခံစားခဲ့၇တာ ငါပါ
နင်က ရက်စက်စွာ မုန်းသွားပေမဲ့
နင်ကို မမုန်းတမ်းဆက်ချစ်နေတာ ငါပါ
ငါ ဘယ်လောက်ချစ်တာ နင်သိလျှက်နဲ့ 
ငါ့ကို ရက်စက်စွာ ဘာကြောင့် မုန်းသွားခဲ့တာလဲ ချစ်သူ
အပြစ်မယူရက် နင်ကို
ချစ်ခင်တွယ်တာနေတာ ငါနှလုံးသားက
နင့်အတွက် အမြဲ ထာဝရ ရှင်သန်နေတာပါ