Wednesday, 8 February 2012
ဆက်၍ချစ်နေပါ့မယ်
ငါမသိလိုက်တဲ့အရာတစ်ခု
ငါ့ရင်ထဲကို ဒုန်းစိုင်းဝင်လာခဲ့တယ်
ရှောင်လွှဲလို့ မရ တည့်မတ်စွာ
နှလုံးသားတည့်တည့်ကို ထိသွားခဲ့တယ်
တကယ်တော့ ကိုယ့်အားနည်းချက်နဲ့
ကိုယ်မို့ရိုးသားစွာလဲကျသွားတာပါ
ဆွဲဆောင်တာမဟုတ်ပါဘူး
ရင်ထဲကို အလိုလိုရောက်လာတာပါ
ချစ်တယ်ဆိုတဲ့ စကားလုံးဟာ လူတိုင်း
ပြောကြလို့ ရိုးများနေလား
မထင်လိုက်ပါနဲ့ ချစ်သူ
စကားလုံးမရှိသလို စာတွေလည်းဖွဲ့ လို့ 
မှီမယ်မထင်ပါဘူး
လူတိုင်းရဲ့ အချစ်ဟာ ကုန်ချင်မှကုန်မယ်
နှလုံးသားတော့အပိုမပါဘူးလေ
ငါ့နှလုံးသားကို ငါပိုင်တယ်
ချစ်သူနားလည်မယ်ဆိုရင်
ငါ ရင်ခုန်သံတွေ
သေချာ နားထောင်ကြည့်ပါ ချစ်သူ
ဝင်သက်ထွက်သက်တိုင်းမှာ
မင်းပဲရှိနေတာလေ
မင်းအကြောင်းပဲ တွေးနေမိတယ်
ရှေ့တိုးဖို့ မဖြစ်နိုင်ပေမဲ့
နောက်ဆုတ်ဖို့ လည်း ငါ မတတ်နိုင်ပြန်ဘူး
ချစ်သူ
ဘရိတ်အုပ်ပြီး ပြန်လည်တည့်မတ်လာ
နိုင်အောင် ကြိုးစားနေဆဲပါ
ငါကြိုးစားနေတာ ချစ်သူကို မေ့ဖို့ မဟုတ်ဘူးနော်
ရင်ခုန်သံတွေကို တည်ငြိမ်လာအောင်ပါ
စိတ်ချပါ ချစ်သူ
ငါ အသက်ရှူတိုင်းငါ့ နှလုံးသားတွေခုန်နေ
သမျှ ချစ်၍နေအုံးမည် ချစ်သူ....
Friday, 3 February 2012
နုတ်မရတဲ့ဆူးလိုပါပဲလား
တွေ့ရပြန်ပြီ
တခဏ အတွင်းရင်တွင်းဖြစ်ရပ်
မငြိမ်မသက် ငါ့ရင်ခုန်သံ
ကြားနေရသည် ။
သူနဲ့ တွေ့ခိုက်
ချစ်နေရသည့် ငါ့နှလုံးသား
အပြစ်ကင်းစင် မျက်ရည်လွှမ်းမိုး
မယာများအောက် ကျန်ရစ်ခဲ့သည် ။
ဒဏ်ရာ ဆွေးကြောင့်
တွေဝေနေချိန် ငါလွမ်းခဲ့သည့်
ပျော်ရွှင်နေ့ရက် မေ့ပျောက်ကုန်ရန်
ငါ မည်သို့စွမ်းဆောင်ရမည်နည်း ။ ။
Subscribe to:
Comments (Atom)