ငါ့ရဲ့ မနေ့တုန်းက
ငါနင့်ကို အရမ်းချစ်ခဲ့တယ်..
ငါ့ရဲ့ ဒီနေ့ကလည်း
နင့်ကိုအရမ်းချစ်နေတယ်...
ငါ့ရဲ့ မနက်ဖြန်တွေမှာလည်း
ငါနင့်ကို သေလောက်အောင်ချစ်နေဦးမယ်....
နင်ယုံကြည်လိုက်ပါ
နင့်ရဲ့ ဥပေက္ခာတွေ.... အမုန်းတွေ ... လျစ်လျူရှုမှုတွေ...
ရဲ့နောက်မှာ ငါနင့်ကို
သေလုမတတ် ချစ်နေသေးတယ်.......။။။။
Friday, 6 April 2012
သတိရပေးပါ
စိတ်မှာအစဉ်
အိပ်ယာဝင်လည်း
မေ့ ပျောက်ဖို့ ခက်
အတွေးယှက်မို့ 
ဆွေးရရက်ပေါင်း
ရှည်ကြာညောင်းလို့ 
လွမ်းနေသူကို
သတိရပေးပါ
ချစ်ဦးသူရယ်။
အိပ်ယာဝင်လည်း
မေ့ ပျောက်ဖို့ ခက်
အတွေးယှက်မို့ 
ဆွေးရရက်ပေါင်း
ရှည်ကြာညောင်းလို့ 
လွမ်းနေသူကို
သတိရပေးပါ
ချစ်ဦးသူရယ်။
ယုံပေးပါ ကောင်မလေး
ကောင်မလေးရယ် ငါနဲ့တွေတိုင်း
နင်ပြုံးပြတက်တဲ့ မဲ့ပြုံးကိုလည်း
ငါဖတ်တက်ပါတယ်။
ငါနဲ့ဆုံတိုင်း ရှောင်ရှောင်သွားတက်တဲ့
နင့်ကို ငါနားလည်ပါတယ်။။
ငါကိုမြင်တိုင်း မျက်စောင်းထိုးတက်တဲ့
နင်မျက်စောင်းတွေကိုလည်း
ငါရှောင်ဖယ်လို့မရနိုင်ပါဘူး။
နင်မလိုချင်တဲ့ သဘောမကျတဲ့
ငါကလည်း နင်ကိုမှ
ရူးရူးမူးမူး ချစ်နေမိတယ်ဟာ..။
နင့်အမုန်းတွေကို ငါ
မသိချင်ယောင်ဆောင်ပြီးတော့
နင့်ကိုငါအမြဲချစ်နေတယ်ဆိုတာ
ယုံပေးပါလား ကောင်မလေးရယ်။။။
နင်ပြုံးပြတက်တဲ့ မဲ့ပြုံးကိုလည်း
ငါဖတ်တက်ပါတယ်။
ငါနဲ့ဆုံတိုင်း ရှောင်ရှောင်သွားတက်တဲ့
နင့်ကို ငါနားလည်ပါတယ်။။
ငါကိုမြင်တိုင်း မျက်စောင်းထိုးတက်တဲ့
နင်မျက်စောင်းတွေကိုလည်း
ငါရှောင်ဖယ်လို့မရနိုင်ပါဘူး။
နင်မလိုချင်တဲ့ သဘောမကျတဲ့
ငါကလည်း နင်ကိုမှ
ရူးရူးမူးမူး ချစ်နေမိတယ်ဟာ..။
နင့်အမုန်းတွေကို ငါ
မသိချင်ယောင်ဆောင်ပြီးတော့
နင့်ကိုငါအမြဲချစ်နေတယ်ဆိုတာ
ယုံပေးပါလား ကောင်မလေးရယ်။။။
Subscribe to:
Comments (Atom)